K pop

■ V ဆီက ဒီလိုအခွင့်အရေးမျိုးရခဲ့ရင် ရူးတောင်သွားနိုင်တယ်

— – – သူ့လို ကံကောင်းမှုမျိုးကို BTS ကို (အထူးသဖြင့် V ကို)အားပေးတဲ့ မိန်းကလေးပရိသတ်တိုင်း လိုချင်ကြမှာ သေချာတာပေါ့။

၂၀၁၉ တုန်းက MAP OF THE SOUL: PERSONA အတွက် BTS အဖွဲ့ဟာ ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး လာရောက်တဲ့ ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

ပရိသတ်တွေအတွက် လက်မှတ်ရေးထိုးနေတုန်းမှာ ပရိသတ်ကောင်မလေးတစ်ယောက်ရဲ့ အမည်ကို Jimin မေးခဲ့ပေမယ့် သေချာမကြားခဲ့လို့ BTS အဖွဲ့ဝင်တွေရော၊ ပရိသတ်တွေပါ ရယ်ခဲ့ကြပါတယ်။

အဲဒီကောင်မလေးအတွက် Jimin လက်မှတ်ထိုးပေးနေတုန်းမှာ အကြည့်တစ်ခုက ကောင်မလေးဆီကို ရောက်လာခဲ့တာပါ။

ကောင်မလေးကို ငေးကြည့်နေသူက V ပါ။ ပရိသတ်ကောင်မလေးဟာ Jimin ဆီက လက်မှတ်ရပြီးရင် V ဆီကို လာရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Jimin နဲ့ စကားကောင်းနေတာကြောင့် နည်းနည်းကြာနေပါတယ်။

အဲဒီမှာ ကောင်မလေးကို စောင့်ဆိုင်းရင် V ဟာ သူမရဲ့ မျက်နှာကို အကြည့်မျိုးစုံနဲ့ ငေးကြည့်နေခဲ့တာ ဖြစ်ပါတယ်။ Jimin ဆီက လက်မှတ်ရပြီးနောက် ကောင်မလေးဟာ V ဆီကို ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ V က ကောင်မလေးကို အကြည့်မခွာဘဲ ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်မလေးက V ကို “နင်ဟာ အချစ်ခံဖို့ မွေးဖွားလာသူပါ”လို့ ပြောကြားခဲ့ပါတယ်။

V ဟာ သူနဲ့ စကားပြောနေစဉ်တစ်လျှောက် အဲဒီကောင်မလေးရဲ့ မျက်လုံးတွေကို တစ်ချိန်လုံးကြည့်နေခဲ့သလို၊ သူ့ဆီက ကျော်ပြီး RM ဆီကို ရောက်သွားတဲ့အခါမှာလည်း ကောင်မလေးကို တောက်လျှောက်ကြည့်နေခဲ့တာပါ။

BTS ပရိသတ်တွေကတော့ အဲဒီကောင်မလေးကို အရမ်းအားကျနေကြပြီး အင်္ကျီအစိမ်းရောင်နဲ့ ကောင်မလေးဟာ ဘယ်သူလဲဆိုတာကိုလည်း အရမ်းသိချင်နေကြတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: KB

You cannot copy content of this page