K pop

■ ဒီအချက် (၂)ချက်ကို ပိုင်တယ်ဆိုရင် Jisoo ရဲ့ ကောင်လေးဖြစ်နိုင်ပါတယ်

— – – BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ Ideal Type က အလွန်ရိုးရှင်းပြီး ချစ်စရာကောင်းပါတယ်။

BLACKPINK အဖွဲ့ဟာ တစ်ခါတုန်းက Star Road ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီမှာ အဖွဲ့ဝင်တွေအနေနဲ့ တစ်ဦးကို တစ်ဦး ဘယ်လောက်သိကြောင်း စစ်ဆေးခဲ့ကြတာပါ။

Jisoo နဲ့ Jennie က တစ်တွဲ၊ Rosé နဲ့ Lisa က တစ်တွဲ တွဲခဲ့ပြီး သူ့အကြောင်း၊ ကိုယ့်အကြောင်းတွေကို ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီမှာ Jisoo က သူ့ရဲ့ Ideal Type ကို သိသလားလို့ Jennie ကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းကို Jennie မဖြေနိုင်ခဲ့တာကြောင့် Jisoo က သူ့ရဲ့ Ideal Type ကို ကိုယ်တိုင်ဖွင့်ပြောခဲ့တာပါ။

“ငါ ရည်မှန်းထားတဲ့ Ideal Type တိတိကျကျ ရှိတယ်။ ပထမတစ်ချက်က သူဟာ ကိုယ့်ကို အရမ်းချစ်တဲ့သူ ဖြစ်ရမယ်။ ပြောရရင်တော့ Jisoo ရဲ့ Big Fan ပေါ့။ ပြီးတော့ နောက်တစ်ချက်က ပြုံးလိုက်ရင် အရမ်းလှတဲ့သူမျိုးကို လိုချင်တယ်”ဆိုပြီး Jisoo က ဖြေခဲ့တာပါ။

— ဃဲ
Ref: Star Road

You cannot copy content of this page