— – – မိဘတွေကို ရွေးပြီး မွေးဖွားလို့ ရတာမဟုတ်သလို၊ ရေမြေရွေးပြီး လာတဲ့ရတာလည်း မဟုတ်။ ဒီလိုမျိုးကတော့ …
BLACKPINK အဖွဲ့ရဲ့ အချစ်တော်လေး Lisa ဟာ Bizzare လို့ ပြောရမယ် ကိုးယို့ကိုးယားနိုင်တဲ့ အကြောင်းအရာတစ်ခုအတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။
(၃၃)ကြိမ်မြောက် Golden Disc Awards မှာ Netizen တွေက Lisa ကို ဝေဖန်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာကလည်း အတော်လေးကို အသည်းယားစရာပါ။
သူတို့က Lisa ဟာ ကိုရီးယားမိတ်ကပ်အစွမ်းကြောင့် လှနေတာပါ။ ကိုရီးယားမိတ်ကပ်သာ မလိမ်းရင် ထိုင်းနိုင်ငံက သာမန်ရွက်ကြမ်းရေယိုရုပ်ရည်သာ ဖြစ်တယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ Lisa ဟာ ထိုင်းနိုင်ငံမှာ မွေးဖွားမှာလာပြီး ထိုင်းလူမျိုးဖြစ်တာကို မီးမောင်းထိုးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကနဲ့ ဥရောပမှာ ကိုးရီးယားလူမျိုးတွေကို နှိမ့်ချဆက်ဆံတဲ့အခါမျိုးမှာ အာရှတွေကို နှိမ်တယ်ဆိုပြီး အော်တတ်တတ်တဲ့ ကိုရီးယားတွေက Lisa က အရှေ့တောင်အာရှက ဆိုပြီး ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
— ဃဲ
Ref: Koreaboo