K pop

■ YG အနုပညာရှင်တွေ ဘာကြောင့် သီချင်းသစ်ထုတ် နည်းတာလဲ ?

— – – YG က အနုပညာရှင်တွေဟာ တခြားအေဂျင်စီတွေက လူတွေနဲ့စာရင်း သီချင်းထွက်တာ နည်းပါတယ်။ ဘာကြောင့်လဲဆိုတာကို သူတို့ကိုယ်တိုင်ပြောဆိုထားတာတွေကတော့ …

YG Entertainment ဟာ K-pop မှာ Hip-hop စတင်မိတ်ဆက်ပေးခဲ့တဲ့ အေဂျင်စီအဖြစ် နာမည်ကြီးပြီး သူတို့ဆီက ထုတ်တဲ့ အနုပညာရှင်တွေကလည်း တကယ့်ပါရမီရှင်အဖြစ် ဝေဖန်သူတွေက သတ်မှတ်ကြပါတယ်။

ဒါပေမဲ့ YG က အနုပညာရှင်တွေ သီချင်းထုတ်တာ အလွန်နည်းတာကြောင့် ပရိသတ်တွေ ဆန္ဒပြတောင်းဆိုရတဲ့အထိတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ YG အနုပညာရှင်တွေရဲ့ ခံယူချက်တွေကြောင့်ဖြစ်ပြီး သူတို့ထုတ်လုပ်လိုက်တဲ့ သီချင်းတွေကလည်း အားလုံးက အမိုက်စားချည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် Album ထုတ်တာ အဓိက မဟုတ်ပါဘူး။ အရေးကြီးဆုံးက တကယ့်ဂရိတ် Album တွေ ထုတ်နိုင်ဖို့ ဖြစ်ပါတယ်” – G-Dragon (BIGBANG)

“တကယ်လို့ ကျွန်တော်တို့အနေနဲ့ ရေးသမျှသီချင်းတွေကိုသာ ထုတ်မယ်ဆိုရင် Album တွေ လွယ်လွယ်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက အဲဒါထက်ပိုပြီး ထိုက်တန်ပါတယ်” – Tablo (Epik High)

“ခင်ဗျားအနေနဲ့ ဂီတကို ကိုယ်တိုင် မဖန်တီးနိုင်ဘူး။ မထုတ်လုပ်နိုင်ဘူးဆိုရင် YG က ခင်ဗျားကို ပွဲထုတ်ပေးမှာ မဟုတ်ပါဘူး” – B.I (iKON)

“အဆင့်ရပ်တည်မှုတွေကို ကျွန်တော် ငမ်းငမ်းတက်လိုချင်တာမျိုး မရှိပါဘူး။ ကျွန်တော်တို့အဖွဲ့ ဖန်တီးလိုက်တဲ့ သီချင်းတွေကို ပရိသတ်တွေကို စိတ်မပျက်စေဘဲ ကျွန်တော်တို့ရဲ့ သီချင်းတွေကို ပရိသတ်တွေ နားဆင်ဖို့ စောင့်မျှော်နေတာမျိုးပဲ လိုချင်ပါတယ်” – Choi Hyun Suk (TREASURE)

— ဃဲ
Ref: Arthur Styles

You cannot copy content of this page