K pop

■ ပရိသတ်တွေကို မျက်ရည်ကျအောင် ဖမ်းစားနိုင်တဲ့ K-pop Idol တွေရဲ့ မိဘများ

— – – မိဘနဲ့ သားသမီးအကြားက ချစ်ခြင်းမေတ္တာဟာ ဘယ်သူ့ကို မျက်ရည်ကျအောင် ဖမ်းစားနိုင်တာချည်းပါပဲ။ K Netizen တွေဟာ ဒီ K-pop Idol (၄)ယောက်ရဲ့မိဘတွေ လုပ်ရပ်ကို ကြည့်ပြီး …

ကိုယ်လုပ်ချင်တာကို အားပေးပြီး နောက်ကွယ်ကနေ ပံ့ပိုးနေတဲ့ မိဘတွေကို ပိုင်ဆိုင်ထားတာ ကံကောင်းမှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒီ Idol တွေကတော့ အဲဒီလို မိဘတွေကို ပိုင်ဆိုင်ထားသူတွေပါ။

Idol တွေအတွက် သူတို့မိဘတွေ လုပ်ပေးခဲ့တာဟာ ပရိသတ်တွေကိုတောင် မျက်ရည်ကျစေတယ်လို့ ဆိုပါတယ်။

EXO Chanyeol ရဲ့ အမေ


EXO အဖွဲ့ဝင် Chanyeol ရဲ့ အမေဟာ သားဖြစ်သူရဲ့ Concert တွေကို တက်ရောက်အားပေးလေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ အမေတွေထဲက တစ်ယောက်ပါ။ D.O. ရဲ့ သတင်းစာရှင်းလင်းပွဲကို အားပေးခဲ့သလို Kai အတွက် မွေးနေ့ကိတ်မှာ လုပ်ပေးခဲ့တဲ့ Chanyeol ရဲ့ အမေဟာ EXO အဖွဲ့ဝင်တွေအပေါ် အလွန်ကြင်နာသူဖြစ်ပါတယ်။

 

Super Junior အဖွဲ့ဝင် Kyunhyun အဖေ


Kyunhyun ဟာ ကားတိုက်မှုတစ်ခုကြောင့် အသက်ရှင်ဖို့ ၂၀ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ တကယ်လို့ ခွဲစိတ်မှုလုပ်မယ်ဆိုရင် Kyunhyun ဟာ အဆိုတော်ဘဝကို စွန့်လွှတ်ရမှာပါ။ ဒါကြောင့် Kyunhyun ရဲ့ အဖေက ခွဲစိတ်ဆရာဝန်တွေကို ခွဲစိတ်မှုမလုပ်ဘဲ သားဖြစ်သူကို ကယ်ပေးလို့ ငိုယိုတောင်းဆိုခဲ့ပါတယ်။ ဒါကို Kyunhyun သိပြီးနောက်မှာတော့ ဖခင်ဖြစ်သူရဲ့ မေတ္တာကြောင့် ငိုခဲ့ရပါသတဲ့။

 

Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ရဲ့ အဖေ


၂၀၂၀ အစောပိုင်းမှာ ဖခင်ကွယ်လွန်ခဲ့တာက Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ကို ကြေကွဲစေခဲ့ပါတယ်။ Taeyeon ရဲ့ ဖခင်ဟာ K Netizen တွေကြားမှာ သမီးကို အလွန်ချစ်သူအဖြစ် နာမည်ကြီးပါတယ်။ Taeyeon သင်တန်းသူဘဝတုန်းကလည်း SM မှာ မနေချင်လို့ သူဟာ သမီးဖြစ်သူကို Sunday တိုင်း ဆိုးလ်ကနေ သူတို့နေထိုင်တဲ့ Jeonju အထိ လာကြိုလေ့ရှိသူ ဖြစ်ပါတယ်။

 

T-ARA အဖွဲ့ဝင် Jiyeon ရဲ့ အဖေ


T-ARA ပရိသတ်တွေ့ဆုံပွဲတစ်ခုမှာ Jiyeon နဲ့ သူ့အဖေကြားက အခိုက်အတန့်လေးတစ်ခုဟာ လူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ Jiyeon ရဲ့ဖခင်ဖြစ်ပေမယ့် အထူးအခွင့်အရေးမယူဘဲ အဖွဲ့ရဲ့ လက်မှတ်ရေးထိုးပွဲမှာ တခြားပရိသတ်တွေ တန်းစီပြီး သမီးဖြစ်သူကို လွမ်းလွန်းလို့ လာတွေ့ခဲ့တဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာတရားက လူတိုင်းကို မျက်ရည်ကျစေခဲ့တာ မဆန်းပါဘူး။

— ဃဲ
Ref: KPZ

You cannot copy content of this page