K pop

■ Bang Si Hyuk နဲ့ BTS အဖွဲ့ဝင်တို့ရဲ့ စတော့ရှယ်ယာတန်ဖိုး ဘယ်လောက်ရှိသလဲ

—- HYBE ဥက္ကဌ Bang Si Hyuk ဟာ နာမည်ကြီး Hyundai Motor Group ဥက္ကဌ ရဲ့ စတော့ရှယ်ယာတန်ဖိုး နီးပါး ပိုင်ဆိုင်နေပြီဖြစ်သလို BTS အဖွဲ့ဝင်တွေကလည်း….

ဇွန်လ 19 ရက်နေ့ကထုတ်ပြန်တဲ့ တောင်ကိုရီးယား ဘဏ္ဍာရေးရှင်းတမ်းအရ HYBE Label ရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေဟာ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဇွန်လ 9 ရက်နေ့က ပိတ်သိမ်းသွားခဲ့ ဈေးကွက်ထက် အခု ဈေးကွက်မှာ 20% စတော့ရှယ်ယာတန်ဖိုးမြင့်တက်ခဲ့တာပါ။

ဒီလို စတော့ရှယ်ယာတန်ဖိုးတွေမြင့်တက်ခဲ့တာကြောင့် BTS အဖွဲ့ဝင်တွေအားလုံးဟာ 43 ဦးမြောက် အသက် (30)နှစ်အောက် Richest Stock Owner တွေလည်းဖြစ်လာခဲ့ပါတယ်။ BTS အဖွဲ့ဝင်တစ်ဦးချင်းဆီရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ 21.4 ဘီလီယံဝမ် (ကန်ဒေါ်လာ 18.8သန်းခန့််) ပိုင်ဆိုင်နေတယ်လို့လည်းသိရပါ တယ်။

HYBE ဥက္ကဌ Bang Si Hyuk ကတော့ ရှယ်ယာ 34.74 ရာခိုင်နှုန်းပိုင်ဆိုင်တာကြောင့် သူ့ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ Hyundai Motor Group ဥက္ကဌ Chung Eui Sun ရဲ့ စတော့ရှယ်ယာတန်ဖိုးနဲ့ တန်းတူဖြစ်ခဲ့ပြီး ကိုရီးယား သန်းကြွယ်သူဌေးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ Bang Si Hyuk ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ 4 ထရီလီယံ ဝမ်(ကန်ဒေါ်လာ 3.5ဘီလီယံ)အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page