K pop

■ Jin ရဲ့ နှုတ်ခမ်းကို “Prettiest Lips” လို့ ကိုရီးယား ပလက်စတစ် Surgeon တွေရွေးချယ်

—- ကိုရီးယား ပလက်စတစ် Surgeon တွေရဲ့ အဆိုအရ BTS အဖွဲ့ဝင် Jin ဟာ K-pop Idol တွေ ကြားထဲမှာ လှပဆုံး နှုတ်ခမ်းကို ပိုင်ဆိုင်ထားတယ်လို့…

မကြာသေးခင်က နာမည်ကြီး ကိုရီးယား ပလက်စတာ Surgeon အနည်းငယ်ဟာ “Idol Lips World Cup” ပြိုင်ပွဲအစီအစဉ်လေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ Surgeon တွေဟာ Idol တွေရဲ့ နှုတ်ခမ်းတွေကိုကြည့်ပြီး မှတ်ချက်ပေးခဲ့ကြတာဖြစ်ကာ နောက်ဆုံးမှာ Winner ကို ဖော်ပြတာပါ။

အပေါ်ကပုံမှာဆိုရင် BTS အဖွဲ့ဝင် Jimin Vs Jin ရဲ့ နှုတ်ခမ်းပုံကို ဖော်ပြထားပြီး Surgeon တွေက မှတ်ချက် ပေးခဲ့ကြတာပါ။

Surgeon တွေဟာ Jin ရဲ့ နှုတ်ခမ်း “Cupid Bow” Lip လို့ တင်စားကြသလို ချွန်ထက်နေတဲ့ Line ၊ သန့်စင် ကြည်လင်မှုနဲ့ လှပမှုတို့အကြောင်းကို ချီးကျူးခဲ့ပါတယ်။ နောက်ပြီး Jin ရဲ့ နှုတ်ခမ်းကို Lip တွေရဲ့ Role Model လို့လည်း ဖော်ပြခဲ့ကြသလို “Idol Lips World Cup” ပြိုင်ပွဲမှာလည်း Jin ရဲ့ နှုတ်ခမ်းကို Winner ဖြစ်သွားခဲ့ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page