K pop

■ World Digital Song Sales Chart မှာ စံချိန်အသစ်တင်ခဲ့တဲ့ BTS အဖွဲ့ဝင်

— ဒီ BTS အဖွဲ့ဝင်ရဲ့ Solo သီချင်းတွေဟာ World Digital Song Sales Chart မှာ စံချိန်အသစ်တင်ခဲ့…

ဇွန်လ 19 ရက်နေ့က U.S Billboard ဟာ နောက်ဆုံး World Digital Song Sales Chart ရဲ့ Rinking တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Ringking မှာ BTS အဖွဲ့ဝင် Jungkook ရဲ့ Solo သီချင်းတွေဖြစ်တဲ့ ‘Euphoria’ နဲ့ ‘My Time’ တို့ဟာ #5 ၊ #7 တို့မှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

BTS အဖွဲ့ဝင် Jungkook ရဲ့ Solo သီချင်းတွေဖြစ်တဲ့ ‘Euphoria’ နဲ့ ‘My Time’ တို့ဟာ World Digital Song Sales Chart မှာ ရက်သတ္တပတ်ပေါင်းများစွာ ရပ်တည်နိုင်တဲ့ သီချင်းတွေဖြစ်ပြီး ‘Euphoria’ က 69 ပါတ်၊ ‘My Time’ က 65 ပါတ် ရပ်တည်နိုင်ခဲ့တာပါ။

World Digital Song Sales Chart မှာ 65 ပါတ်ကျော် ရပ်တည်နိုင်တဲ့ ပထဆုံး ကိုရီးယား Solo သီချင်း နှစ်ပုဒ် ဖြစ်ခဲ့သလို Jungkook ကလည်း စံချိန်သစ်စိုက်ထူခဲ့တာဖြစ်ပါတယ်။

နောက်ပြီး Jungkook ရဲ့ ‘Euphoria’ သီချင်းဟာ Spotify မှာ Stream 245 သန်းပြည့်သွားခဲ့ပြီး ဒီမိုင်တိုင်ကို ရောက်ရှိတဲ့ ပထမဆုံး K-pop Male Idol Solo Song အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page