Household News

■ ကိုရီးယား လူငယ် 53 ရာခိုင်နှုန်းဟာ အိမ်ထောင်မပြုချင်ဘူးလို့ စစ်တမ်းတွေအရ သိရှိ

— တောင်ကိုရီးယား အသက် 20 ကျော်အရွယ် လူငယ်တွေဟာ အိမ်ထောင်မပြုချင်ကြဘဲ လွတ်လွတ်လပ်လပ် နေရတာကို…

တောင်ကိုရီးယားနိုင်ငံဟာ အာရှမှာ ဖွံ့ဖြိုးတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သလို လူမှုအသိုင်းအဝိုင်းလည်း အဆင့် တန်းမြင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ Ministry of Gender Equality and Family အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့နှစ်က ကိုရီးယားလူငယ် 10,997 ကို အင်တာဗျူးနဲ့ ဆာဗေးတွေ ကောက်ယူခဲ့ပြီး စစ်တမ်းတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တမ်းတွေအရ တောင်ကိုရီးယား လူငယ်တွေဟာ Single Lifestyle ကို အလွန်သဘောကျကြပြီး အိမ်ထောင် မပြုချင်ကြတာပဲဖြစ်ပါတယ်။ လူငယ်တွေဟာ လက်မထက်ဘဲ Living Together နေချင်သူ 46.6% ရှိပြီး ကလေး မယူဘဲ လက်ထပ်ချင်သူက 52.5% ၊ လက်မထပ်ဘဲ ကလေးလိုချင်သူက 23% ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်တမ်းဟာ 5 နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိတာပြီး ပြီးခဲ့တဲ့ 2015 ခုနှစ်က စစ်တမ်းနဲ့ နှုန်းယှဉ်ကြည့်တဲ့ အခါ လူငယ်တွေဟာ အိမ်ထောင်မပြုချင်ကြဘဲ Single Lifestyle ကို ပိုသဘောကျလာကြတယ်လို့ သိရပါတယ်။

-m2t
Ref: allkpop

You cannot copy content of this page