K pop

■ လွမ်းချင်စရာ ဖြစ်ခဲ့ရတဲ့ Running Man နဲ့ ပတ်သက်ပြီး တစ်ချိန်က Lee Kwang Soo ရဲ့ ဖွင့်ဟစကား

– – – ဘဝမှာ ဘာမှရေရာတာ မရှိပါဘူး။ ဟာ တစ်ချိန်တုန်းက ခိုင်မာပြတ်သားစွာ ပြောခဲ့တဲ့စကားတစ်ခွန်းက အခုတော့လည်း လွမ်းမောချင်စရာပါပဲ။

Lee Kwang Soo ဟာ Ilgan Sports နဲ့ အင်တာဗျူးမှာတော့ Running Man နဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။

Lee Kwang Soo ဟာ Running Man အစီအစဉ် ထုတ်လွှင့်တဲ့ အပိုင်းတစ်မှာကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ (၁၁) နှစ်ကြာ လက်တွဲလာတဲ့ Running Man နဲ့ လမ်းခွဲခဲ့ပါတယ် ။

Running Man မှာ ပါဝင်ရင်း Lee Kwang Soo ဟာ ပရိသတ်များစွာရဲ့ ချစ်ခြင်းကို ရရှိခဲ့ပြီး Prince of Asia ဆိုတဲ့ နာမည်ပြောင်ကိုပါ ရရှိခဲ့ပါတယ်။ ဒါကြောင့် Running Man နဲ့ Lee Kwang Soo ဆိုတာ ခွဲမရအောင် ထပ်တူကျခဲ့တာပါ။

တစ်ခါတုန်းက Ilgan Sports နဲ့ တွေ့ဆုံရာမှာ အင်တာဗျူးသူက “Running Man မှာ ဘယ်လောက် ကြာကြာ ပါဝင်သွားဦးမလဲ”လို့ မေးခဲ့ပါတယ်။ အဲဒီအခါ Lee Kwang Soo က”ဒီပရိုဂရမ် အဆုံးမသတ်သရွှေ့

ကျွန်တော် Show မှာ သေချာပေါက်ရှိချင်ပါတယ်”လို့ Lee Kwang Soo က ဆိုခဲ့တာပါ။

ဒါကြောင့် Lee Kwang Soo ရဲ့ တောင်းဆုတွေ၊ ဆန္ဒတွေ မပြည့်မြောက်ခဲ့ရဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြာ သစ်ကုလားအုတ်လေးဟာ၊ Prince of Asia လေးဟာ Runner တွေရဲ့ ရင်ခွင်မှာ ထာဝရ

တည်ရှိနေမှာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page