– – – K-pop မှာတော့ နိုင်ငံပေါင်းစုံကနေ လာကြတဲ့ Idol တွေရှိကြပြီး အခုအခါတော့ ကနေဒါကနေ လာကြတဲ့ Idol တွေကို ဖော်ပြပေးလိုက်ရပါတယ်။
Somi
လက်ရှိမှာ Solo အဖြစ် အောင်မြင်နေပြီဖြစ်တဲ့ Somi ဟာ ကနေဒါမှာ မွေးဖွားခဲ့တာပါ။ Somi ရဲ့ အမေက ကိုရီးယားဖြစ်ပေမယ့် အဖေကတော့ ဒက်ချ်-ကနေဒါနွယ်ဖွားပါ။ Somi အသက်တစ်နှစ်အရွယ်မသူတို့မိသားစုဟာ ကိုရီးယားကို ပြောင်းရွှေ့ခဲ့တာပါ။
Jacob (The Boyz)
Jacob ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမှာ မွေးဖွားခဲ့ပြီး သူဟာ ငယ်ရွယ်စဉ်ကတော့ ဘတ်စကတ်ဘောနဲ့ ဘော်လီဘောအားကစားကို ဝါသနာပါသူပါ။ သူဟာ အဖွဲ့ရဲ့မိခင်ဆိုပြီးလည်း သတ်မှတ်ခြင်း ခံရသူပါ။
Tablo (Epik High)
Tablo ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကြောင့် နိုင်ငံတော်တော်များများမှာ ကျင်လည်နေထိုင်ခဲ့ရတာပါ။ Tablo ကို ဆိုးလ်မှာပဲ မွေးဖွားခဲ့တာဖြစ်ပေမယ့် အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ဆွစ်ဇာလန်တို့ကိုလည်း ပြောင်းရွှေ့ခဲ့ရတာပါ။ ဒါပေမဲ့ သူ့ငယ်ဘဝရဲ့ အချိန်တော်တော်များများကိုတော့ Tablo က ကနေဒါမှာ ကုန်ဆုံးခဲ့ရတာပါ။
Mark (NCT, SuperM)
လက်ရှိမှာ နာမည်ကျော်ပြီး အောင်မြင်နေပြီဖြစ်တဲ့ NCT အဖွဲ့ဝင် Mark ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမှာ မွေးဖွားခဲ့တာပါ။ Mark ဟာ SM ရဲ့ Global Audition ကနေတစ်ဆင့် သင်တန်းသားဖြစ်လာခဲ့တာပါ။
Wendy (Red Velvet)
Red Velvet အဖွဲ့ဝင် Wendy ကိုဆိုးလ်မှာပဲ မွေးဖွားခဲ့တာဖြစ်ပြီး အသက် (၁၂) နှစ်အရွယ်မှာတော့ အမေရိကဘက်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီကနေ ကနေဒါမှာ ကျောင်းတက်ခဲ့ရပြီး Wendy ဟာ ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့် ကနေဒါမှာ ပြုလုပ်ခဲ့တဲ့ SM ရဲ့ Global Audition ကနေ ဝင်အရွေးခံခဲ့တာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *