– – – အကပိုင်းနဲ့ ပတ်သက်ပြီး Rose’ လေးစားအတုယူခဲ့ရသူကတော့ တခြားမဟုတ်ပါဘူး။ Dancing Queen လို့ တင်စားခံထားရတဲ့….
BLACKPINK ရဲ့ 24/365 အပိုင်းတစ်ပိုင်းမှာ Rose’ က အကနဲ့ ပတ်သက်ပြီး သူမလေးစားခဲ့ရသူကို ဖွင့်ဟခဲ့ပါတယ်။
အဖွဲ့ဝင်တွေဟာ သင်တန်းသူဘဝအစပိုင်းနေ့စွဲတွေက အခက်အခဲတွေ၊ အမှတ်တရတွေကို ပြန်ပြောင်းဖွင့်ဟသွားခဲ့ပါတယ်။ အဲဒီမှာ Rose’ကလည်း သူမရဲ့ အခက်အခဲတွေနဲ့ ဖြတ်သန်းခဲ့ရပုံကို မကွယ်မဝှက် ဖွင့်ဟသွားခဲ့ပါတယ်။
Rose’ ဟာ သူမအနေနဲ့ အကပိုင်းမှာ မတော်ဘဲ YG Entertainment ကို မရောက်ခင် တစ်ခါမှ မကခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အဲဒီအခါ YG မှာ (၂) နှစ်ကြာ လေ့ကျင့်နေပြီဖြစ်တဲ့ Jennie က သူမကို အခြေခံကကွက်တွေကို သင်ကြားပေးခဲ့ရပါတယ်။
သူမဟာ အကပိုင်းနဲ့ ပတ်သက်ပြီး အားနည်းပေမယ့် Lisa ကို တွေ့မြင်ပြီးနောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ရတယ်လို့ Rose’ က ဆိုပါတယ်။ Lisa ဟာ အကအလွန်တော်သူဖြစ်ပြီး သူမကို မြင်တွေ့ရတာက စိတ်ဓာတ်ခွန်းအားရစေတယ်လို့ Rose’ က ဖွင့်ဟခဲ့ပါတယ်။
“အကပိုင်းနဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ဓာတ်ကျနေခဲ့တာပါ။ ဒါပေမဲ့ Lisa ကိုမြင်တွေ့ပြီးနောက်မှာ ကျွန်မရဲ့ အိပ်မက်တွေ အားကောင်းလာခဲ့တယ်။ Lisa က အကပိုင်းမာ အရမ်းတော်ပါတယ်။ Lisa လို ကောင်းကောင်း ကချင်စိတ်ပေါ်လာခဲ့တယ်”
-Rose’
အဲဒီနောက်မှာတော့ Rose’ နဲ့ Lisa တို့ဟာ BLACKPINK အဖွဲ့ဝင်တွေအဖြစ် အတူတူပွဲထွက်နိုင်ခဲ့ပါတော့တယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *