K pop

■ ပရိသတ်တွေ ရွေးချယ်ထားခဲ့ကြတဲ့ အတော်ဆုံး အဖွဲ့ခေါင်းဆောင် (၁၀) ဦး

– – -ဆန္ဒမဲကောက်ခံမှုအရ ပရိသတ်တွေကတော့ ဒီ Idol တွေကို အတော်ဆုံးအဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတာပါ။

K-pop လောကမှာ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက်ဖြစ်ဖို့တောင် ဘယ်လောက်ခက်ခဲပြီး မလွယ်ကူမှန်း အားလုံးလည်း သိကြမှာပါ။ ဒါဆိုရင် အောင်မြင်ကျော်ကြားနေတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရတဲ့ အဖွဲ့ခေါင်းဆောင်ဆိုရင် အခက်အခဲတွေက ဒုနဲ့ဒေးပါပဲ။

သူတို့ဟာ အရည်အသွေး ထူးချွန်နေရုံမက အရာရာမှာ အဖွဲ့သားတွေအတွက်လည်း ငှဲ့ရပါတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာ လုံးဝလွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းဟာ သူတို့အဖွဲ့ဝင်တွေအတွက် များစွာအထောက်အကူပြုစေပါတယ်။

ဆန္ဒမဲကောက်ခံမှုတွေမှာ ကျော်ကြားတဲ့ ဝက်ဆိုက်ဖြစ်တဲ့က KingChoice.me က K-pop လောကရဲ့ အတော်ဆုံး ခေါင်းဆောင်တွေကို ဆန္ဒမဲကောက်ခံခဲ့ကြပါတယ်။ အဲဒီစာရင်းအရ ပရိသတ်တွေ မဲပေးခဲ့ကြတဲ့ အတော်ဆုံး ခေါင်းဆောင် (၁၀) ယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။

Seungyeon (CLC)

JB (GOT7)

Hui (PENTAGON)

Bang Chan (Stray Kids)

Shownu (MONSTA X)

Onew (SHINee)

S.Coups (SEVENTEEN)

Suho (EXO)

JinJin (ASTRO)

RM (BTS)

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page