K pop

■ BTS ကို BIOT လို့ ခေါ်ခဲ့တဲ့ ဖိလစ်ပိုင် Grab Delivery သမားတစ်ဦးရဲ့ ကြမ္မာ

— – – BTS ကို အခြောက်လို့ ခေါ်ခဲ့တဲ့ Delivery သမားတစ်ဦးရဲ့ အဖြစ်အပျက်ကတော့ …

McDonald ဟာ BTS အဖွဲ့နဲ့ collaboration လုပ်ပြီး “BTS Meal” ရောင်းချနေတာကို ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ ဖိလစ်ပိုင်မှာ အဲဒီအစားအသောက်ကို ရောင်းချနေပြီး Promo စလုပ်ဖို့ ပြောတဲ့နေ့မှာပဲ Grab Delivery တစ်ဦးက BTS အဖွဲ့ကို မလေးမစားပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက Facebook community တစ်ခုမှာ ဖိလစ်ပိုင် ARMY တွေက “BTS Meal” ကို ပရိုမိုးရှင်းလုပ်ဖို့ ကြေညာထားတဲ့ “BTS Meal” အစီအစဉ်ကို boycott လုပ်ဖို့ Delivery သမားတွေကို တိုက်တွန်းခဲ့တာပါ။

အဲဒီလို တိုက်တွန်းရာမှာ သူက “BIOT” ဆိုတဲ့ စကားလုံးကို သုံးခဲ့တာပါ။ “BIOT” ဆိုတာက ဖိလစ်ပိုင်မှာ အခြောက်တွေ၊ လိc်တူချစ်သူတွေကို ခေါ်ဆိုတာဖြစ်ပြီး ဒါက BTS အဖွဲ့ရဲ့ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

အဲဒီနောက်မှာ ပရိသတ်တွေ ကန့်ကွက်ခဲ့တာကြောင့် Grab Philippines က Twitter မှာ official စာထုတ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းခဲ့ရပါတယ်။ အောက်က Grab Philippines ရဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

Grab Philippines ရဲ့ ထုတ်ပြန်ချက်မှာ “အဲဒီလိုအပြုအမူကို လက်မခံနိုင်ကြောင်း၊ သူတို့အနေနဲ့ BTS ကို BIOT လို့ ခေါ်ခဲ့တဲ့ Grab Delivery သမားကို အလုပ်မှ ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း” စသဖြင့် ဖော်ပြထားပါတယ်။

“BTS Meal” ကို ဖိလစ်ပိုင်မှာ ဇွန်လ (၁၈)ရက်က စတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Ref: Koreaboo

You cannot copy content of this page