K pop

■ သတင်းထောက်တွေနဲ့ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ YoonA

— – – ကိုရီးယားမီဒီယာတွေက YoonA ကို Hot damn လို့ …

24th Busan International Film Festival ကို Girls’ Generation အဖွဲ့ဝင် YoonA တက်ရောက်ခဲ့တုန်းက ပွဲလာကြတဲ့ သတင်းထောက်တွေနဲ့ ပရိသတ်တွေကို သူ့ရဲ့ရင့်ကျက်တဲ့အလှကို ပြသခဲ့ပါတယ်။

အဲဒီပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ YoonA က Exit ရုပ်ရှင်ရဲ့ တွဲဖက်သရုပ်ဆောင်မင်းသား Jo Jung Suk၊ ဒါရိုက်တာ Lee Sang Geun တို့နဲ့အတူ တက်ရောက်ခဲ့တာပါ။

24th Busan International Film Festival ကို လာရောက်တဲ့ YoonA ကားပေါ်က ဆင်းချိန်မှာ သတင်းထောက်တွေ ရိုက်ခဲ့တဲ့ ဒီဓာတ်ပုံဟာ ပရိသတ်တွေအကြား အတော်လေးကျော်ကြားခဲ့ပါတယ်။

အဲဒီဓာတ်ပုံက အနည်းငယ်ရိုင်းသလိုဖြစ်နေပေမဲ့ ဝေဖန်လွန်းပါတယ်ဆိုတဲ့ K Netizen တွေဟာ YoonA ကိုရော၊ ဓာတ်ပုံရိုက်ခဲ့တဲ့ သတင်းထောက်တွေကိုပါ ဝေဖန်ခြင်းမရှိတဲ့အပြင် ချီးကျူးမှုတွေတောင် ပြုလုပ်ခဲ့ကြပါသေးတယ်။

24th Busan International Film Festival မှာ အဝါရောင်ဝတ်စုံနဲ့ အရမ်းကို လှပခဲ့တဲ့ YoonA ဟာ ၂၀၁၀ ကျော်ကာလတွေကို ပိန်ပိန်ပြားပြားမဟုတ်တော့ဘဲ ခန္ဓာကိုယ်ဟာ အရမ်းကိုလှလာတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

You cannot copy content of this page