– – – Minho ဟာ အဲဒီအတွက် ဝမ်းနည်းပူဆွေးနေပြီ …
SHINee အဖွဲ့ဝင် Minho ရဲ့ အဖိုးဖြစ်သူဟာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ (၂၁)ရက်က SM Entertainment က ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
SM ရဲ့ ထုတ်ပြန်ချက်မှာ “SHINee အဖွဲ့ဝင် Minho ဟာ ဇွန်လ (၂၀)ရက်နေ့မှာ အဖိုးဖြစ်သူကို ဆုံးရှုံးလိုက်ရကြောင်း၊ ဒါကြောင့် Minho အနေနဲ့ လက်ရှိ စိတ်သောကရောက်ကာ ဝမ်းနည်းပူဆွေးနေကြောင်းနဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပြန်ညှိဖို့ စီစဉ်နေကြောင်း” ဖော်ပြပါရှိပါတယ်။
Minho အဖိုးရဲ့ အသုဘကို Daejeon က Sun Medical Center မှာ ဇွန်လ (၂၂)ရက် (အင်္ဂါနေ့) ပြုလုပ်မှာဖြစ်ပါတယ်လို့ သိရပါတယ်။
Minho ဟာ ၂၀၀၈ ခုနှစ်မှာ SHINee အဖွဲ့နဲ့ ပွဲထွက်ခဲ့ပြီး လက်ရှိမှာတော့ SHINee အဖွဲ့ဟာ “Atlantis” ဆိုတဲ့ repackaged album ကို ထုတ်ဝေထားတာပါ။
Minho အနေနဲ့ “Yumi’s Cells” လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။
Ref: Soompi