K pop

■ အသက် (၁၂) နှစ်အရွယ်သာ ရှိသေးသူတစ်ဦး ပွဲထွက်တော့မဲ့အပေါ် K-pop ပရိသတ်တွေ စိတ် မသက်မသာ ဖြစ်

– – -K-pop မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ် ပွဲထွက်ကြတာတွေက သိပ်မထူးဆန်းတော့ပေမဲ့ ၁၂ နှစ်အရွယ်ဆိုတာက…

AMX Entertainment က ဒီနှစ်အတွင်း ပထမဆုံးအမျိုးသမီးအဖွဲ့ကို ပွဲထွက်တော့မှာပါ။ အဲဒီအဖွဲ့နာမည်ကို AMX NEWKIDS လို့ ယာယီမှည့်ထားပြီး ပြီးခဲ့တဲ့ မေလက ပထမဆုံးအဖွဲ့ဝင် Hyejin ကို ထုတ်ပြန်ခဲ့ပါတယ်။ Hyejin ဟာ ၁၉ နှစ်အရွယ်ရှိသူဖြစ်ပြီး Dancer ပါ။

အခုအခါ အဖွဲ့မှာ ပါဝင်မဲ့ ဒုတိယမြောက် အဖွဲ့ဝင်ကို ထုတ်ပြန်ခဲ့ရာမှာတော့ ပရိသတ်တွေကြား ဆူညံ့ပွက်လောရိုက်သွားခဲ့ပါတယ်။ ဒုတိယမြောက်အဖွဲ့ဝင်က Haeun လို့အမည်ရပြီး အံ့အားသင့်စရာကောင်းတာက သူမရဲ့ အသက်က ၁၂ နှစ်ပဲ ရှိသေးတာပါ။

Haeun ဟာ Idol အဖြစ် မလျှောက်လှမ်းခင်တုန်းက ကလေးမော်ဒယ်နဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး ဂီတာ၊ ပီယာလိုတို့ကိုလည်း တီးခတ်နိုင်သူပါ။ သူမဟာ အေဂျင်စီမှာ လေ့ကျင့်နေတာ (၂) နှစ်ရှိနေပြီ ဖြစ်ပါတယ်။

K-pop နယ်ပယ်မှာ အသက် (၁၄) နှစ်၊ (၁၅) နှစ်အရွယ် Idol တွေကို ခပ်စိမ့်စိမ့်တွေ့မြင်လာရပေမဲ့ အသက် (၁၂) နှစ်အရွယ်ဆိုတာ အလွန်ငယ်ရွယ်လွန်းတာပါ။ ဒါကြောင့် သူမဟာ SHINee အဖွဲ့ ပွဲထွက်တုန်းက မွေးတောင်မမွေးသေးဘူးလို့လည်း ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။

ဒီလိုမျိုး ငယ်ရွယ်လွန်းသူကို ပွဲထုတ်တဲ့အပေါ် K-pop ပရိသတ်တွေကတော့ စိတ်မသက်မသာ ဖြစ်ခဲ့ကြရပါတယ်။ အထူးသဖြင့် K-pop Idol တွေရဲ့ဘဝဟာ အလွန်ကြမ်းတမ်းလွန်းပြီး စိတ်ပိုင်းဆိုင်ရာများစွာ ကြံ့ခိုင်ရတာပါ။ ဒီလိုအခြေအနေမျိုးတွေကို အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ မရင်ဆိုင်နိုင်မှာ ပရိသတ်တွေက စိုးရိမ်နေကြတာပါ။

ဒါကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေကို ပွဲထွက်နေတာမျိုးတွေ ရပ်တန့်က ရပ်ဖို့လည်း ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

You cannot copy content of this page