K pop

■ နိုင်ငံခြားသား Cele တွေကို ကြွေပါတယ်လို့ ဖွင့်ဟခဲ့ကြတဲ့ အမျိုးသမီး K-pop Idol များ

– – -သူမတို့ဟာ ကိုယ် ကြွေရတဲ့ နိုင်ငံခြားသား Cele တွေကို အသီးသီး ဖွင့်ဟခဲ့ကြပြီး…

Jihyo (TWICE)

Candy Night Live မှာ TWICE အဖွဲ့ခေါင်းဆောင် Jihyo က Black Panther ရုပ်ရှင်အကြောင်း ပြောခဲ့ပြီး Captain America ကိုလည်း ကြွေတယ်လို့ ဆိုခဲ့ပါတယ်။ “Iron Man ထက် Captain America က ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်။ Hulk ကိုလည်း ကြိုက်တယ်”လို့ Jihyo က ဖွင့်ဟခဲ့ပါတယ်။

Seolhyun (AOA)

Running Man အပိုင်းတစ်ပိုင်းမှာ Seolhyun က မူလတုန်းက သူမရဲ့ Crush ဟာ Song Joong Ki ဖြစ်ပေမဲ့ နောက်ပိုင်းမှာ Thor ကို ကြွေမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ Thor က နှစ်လိုဖွယ်ကောင်းတယ်လို့လည်းSeolhyun က ဆိုခဲ့ပါတယ်။

Suzy

Off the Record မှာ ပါဝင်တုန်းက Suzy ဟာ အမေရိကန်မင်းသား Ian Somerhalder ဟာ သူမရဲ့အကြိုက်ပုံစံမျိုးလို့ ဖွင့်ဟခဲ့ပါတယ်။

Krystal [f(x)]

Radio Show တစ်ခုမှာတုန်းက Krystal ဟာ Ideal Type ပုံစကို အမေးခံခဲ့ရပါတယ်။ အဲဒီမှာ Krystal က သူမအနေနဲ့ အမေရိကန်မင်းသား Johnny Depp ကို နှစ်သက်ကြောင်း၊ Johnny Depp ရဲ့ပုံစံက ထူးခြားကြောင်း ဆိုခဲ့ပါတယ်။

YoonA (Girls’ Generation)

SNSD အဖွဲ့ဝင် YoonA က ဂျပန်မင်းသား Takuya Kimura ရဲ့ အမာခံပရိသတ်ပါ။ “ကျွန်မ ဂျပန်မှာနေတုန်းက သူက Show တွေကို လာလေ့ရှိပါတယ်။ ဒီမှာပဲ Sooyoung ကို ဘာသာပြန်ပေးဖို့ တောင်းဆိုရတော့တာပဲ။ သူက ဂျပန်စကားပြောကျွမ်းတယ်လေ။ Takuya Kimura နဲ့ တွေ့ဆုံရတာ ကျွန်မနှစ်သက်ပါတယ်”လို့ YoonA က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page