– – – တတိယမျိးဆက် K-pop အဖွဲ့တွေကို ကိုယ်စားပြုသူတွေကို ပရိသတ်တွေက ရွေးချယ်ခဲ့ကြပြီး…
K-Netizens (၁၀၀၀) လောက်က တတိယမျိုးဆက် K-pop အဖွဲ့တွေကို ကိုယ်စားပြုသူတွေကို ရွေးချယ်ခဲ့ကြတာပါ။ အဖွဲ့ဝင်တိုင်းက တာဝန်ကိုယ်စီ ယူထားရတာဖြစ်ပြီး ဒီအဖွဲ့ဝင်တွေကတော့ သူတို့အဖွဲ့ရဲ့ မျက်နှာဖုံးတွပါတဲ့။
BLACKPINK
မဲအရေအတွက်ပေါင်း (၉၇၀၇) မှာ (၈၉၈၂) မဲလောက်က BLACKPINK အဖွဲ့ရဲ့ မျက်နှာဖုံးက Jennie ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
BTS
BTS အဖွဲ့ကို ကိုယ်စားပြုတဲ့အဖွဲ့ဝင်က V ဖြစ်တယ်လို့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြတာပါ။ V က မဲအရေအတွက် (၃၆) ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး နာမည်ပြောင်တွေ၊ ချစ်စရာကောင်းတဲ့ပုံစံတွေ၊ အရည်အချင်းများစွာနဲ့ V က ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တာပါ။
TWICE
TWICE အဖွဲ့ရဲ့ အထင်ကရ အဖြစ်ဆုံးအဖွဲ့ဝင်အဖြစ် ပရိသတ်တွေက Nayeon ကို မဲအရေအတွက် (၈၉) ရာခိုင်နှုန်းနဲ့ အပြတ်အသက် ရွေးချယ်ခဲ့ကြတာပါ။
SEVENTEEN
SEVENTEEN အဖွဲ့ရဲ့ မျက်နှာဖုံးကတော့ Seungkwan ဖြစ်ပါတယ်တဲ့။
Red Velvet
Red Velvet အဖွဲ့ထဲမှာ Irene က အထင်ပေါ်ဆုံးဖြစ်တယ်လို့ ပရိသတ်တွေ့ မဲပေးရွေးချယ်ခဲ့ကြပြီး မဲအရေအတွက် (၅၅) ရာခိုင်နှုန်းအထိ ရရှိခဲ့တာပါ။
-Ref: Koreaboo