— ဗြိတိန်မဂ္ဂဇင်း Nubia က ရွေးချယ်တဲ့ 2021 Worldwide ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol 10 ဦးစာရင်း မှာ ဘယ်သူတွေ ဦးဆောင်ခဲ့သလဲလို့ ထင်ပါသလဲ…
Nubia မဂ္ဂဇင်းဟာ မကြာသေးခင်က Top 10 Most Popular K-Pop Idols Worldwide ခေါင်းစဉ်နဲ့ အတူ ဆောင်းပါးထုတ်ပြန်ခဲ့ပါတယ်။ Nubia မဂ္ဂဇင်းဟာ ပေါ်ပြူလာဖြစ်တဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ် ဒေတာ တွေနဲ့ Google Trends ၊ Google News ဒေတာ အချက်အလက်တွေကို စစ်တမ်းလုပ်ပြီး ဒီစာရင်းကို ထုတ် ပြန်တာလည်းဖြစ်ပါတယ်။
ဗြိတိန်မဂ္ဂဇင်း Nubia က ရွေးချယ်တဲ့ 2021 Worldwide ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol 10 ဦးစာရင်း ထိပ် ဆုံးမှာ ဦးဆောင်ခဲ့တဲ့သူကတော့ BTS အဖွဲ့ဝင် V ပဲဖြစ်ပါတယ်။ Nubia မဂ္ဂဇင်းဟာ V ကို “Wants to crash the internet with his fame and popularity” လို့ တင်စားခဲ့သလို သူ့ရဲ့ Visual ၊ ပရိသတ်တွေကို ညို့ငင် နိုင်မှု၊ အဆို၊ သရုပ်ဆောင်အရည်အချင်းတွေကိုပါ ချီးကျူးခဲ့တာပါ။
BLACKPINK အဖွဲ့ဝင် Lisa ကိုလည်း Nubia မဂ္ဂဇင်းက Worldwide ပေါ်ပြူလာအဖြစ်ဆုံး Female K-pop Idol အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Lisa ဟာ Top 10 စာရင်း နံပါတ် (3)မှာသာရပ်တည်ခဲ့ပေမယ့် တစ်ကမ္ဘာ လုံးက အချစ်ခံရတဲ့ အမျိုးသမီး Idol ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
ဗြိတိန်မဂ္ဂဇင်း Nubia က ရွေးချယ်တဲ့ 2021 Worldwide ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol 10 ဦးစာရင်းမှာ ဘယ်သူတွေပါသလဲဆိုတာကို ကြည့်လိုက်ကြရအောင်ပါ။
10. ASTRO’s Cha Eun Woo
9. BLACKPINK’s Rosé
8. EXO’s Baekhyun
7. BLACKPINK’s Jennie
6. BTS’s J-Hope
5. BLACKPINK’s Jisoo
4. BTS’s Jimin
3. BLACKPINK’s Lisa
2. BTS’s Jungkook
1. BTS’s V
-m2t
Ref: Kpopstarz