Celebrity

■ SM Founder Lee Sooman ကိုယ်တိုင် Scout လုပ်ခြင်းခံရတဲ့ နာမည်ကျော် Idol နဲ့ မင်းသမီး

—- နာမည်ကျော် S.E.S အဖွဲ့ဝင်လည်းဖြစ် မင်းသမီးလည်းဖြစ်တဲ့ Eugene ဟာ SM Entertainment ရဲ့ Founder Lee Sooman ကိုယ်တိုင် Sout လုပ်ခြင်းကို ခံခဲ့ရတာဖြစ်…

မင်းသမီး Eugene ဟာ ပြီးခဲ့တဲ့ ဇွန်လ 20 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ SBS’ ‘Tiki taCAR.’ အပိုင်းတစ်ခုမှာ SM Entertainment ကို ရောက်လာခဲ့ပုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

မင်းသမီး Eugene မှာ ကိုရီးယားမွေးဖွားခဲ့တာဖြစ်ပေမယ့် ဆယ်ကျော်သက်အရွယ်မှာ Guam ကျွန်းနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး တစ်နေ့မှာ Guam ကို H.O.T အဖွဲ့က လာလည်လို့ လေဆိပ်မှာ သွားတွေ့ခဲ့တာလို့ သူမက ဆိုခဲ့ပါတယ်။ လေဆိပ်မှာ SM Founder Lee Sooman ကိုယ်တိုင်က သူမကို ချည်းကပ်ခဲ့ပြီး ဖုန်းနံပါတ် တောင်းခဲ့လို့ ဆိုပါတယ်။ အဲဒီတုန်းက သူမဟာ အသက် 17 နှစ်အရွယ်သာဖြစ်ပါတယ်။

Eugene က “ ဒီလို Scout လုပ်ပြီး ရက်အနည်းငယ်ကြာတော့ Lee Sooman ဟာ ကျွန်မထံ ဖုန်းခေါ်ခဲ့ပါတယ်။ ကျွန်မကို ကိုရီးယားလာနိုင်မလားလို့လည်း မေးခဲ့ပါတယ်။ နောက်တော့ ကျွန်မ SM Entertainment ကို သွား လည်တော့ သူတို့က ကျွန်မအနေနဲ့ Idol အဖြစ် Debut လုပ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ တုန်းက ကျောင်းတက်နေတဲ့အချိန်ဖြစ်လို့ Guam ကို ပြန်ခဲ့ပေမယ့် Lee Sooman က Dance Video ပို့ပေးပြီး နွေရာသီမှာ လေ့ကျင့်နေဖို့ ပြောခဲ့ပါတယ်။ ကျွန်မလည်း ကြိုးကြိုးစားစားလေ့ကျင့်ပြီး အဲဒီနှစ် နိုဝင်ဘာမှာ Debut စလုပ်နိုင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Eugene ဟာ 1997 ခုနှစ်မှာ S.E.S အဖွဲ့ဝင်အဖြစ် Debut လုပ်ခဲ့ပြီး နာမည်ကျော် K-pop Idol ၊ မင်းသမီး အဖြစ်ပါ အောင်မြင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ 2011 ခုနှစ်မှာ Ki Taeyoung နဲ့ လက်ထပ်ခဲ့ပြီး သမီးနှစ်ဦး မွေးထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ‘Penthouse 3.’ ဒရာမာနဲ့ Eugene ဟာ အလှုပ်တွေရှုပ်နေတာဖြစ် ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page