—- အပျိုကြီး မမ စာဥတို့ကတော့ ဈေးဗန်းခင်းတော့မယ်ထင်ပါတယ်…
2NE1 အဖွဲ့ဝင်ဟောင်း Dara ဟာ မကြာသေးခင်က MBC every1’s television show ‘South Korean Foreigners’ အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီမှာ အရင်က သူမအနေနဲ့ Cele တွေနဲ့ချည်းပဲ Date ခဲ့ပေမယ့် တစ်ခါမှ လူမမိခဲ့ကြောင်း၊ အနာဂတ်မှာတော့ ပွင့်ပွင့်လင်းလင်းပဲချပြမှာပါလို့ ပြောခဲ့ပါတယ်။
အဆိုပါ ‘South Korean Foreigners’ အစီအစဉ်မှာ Dara ကို Host ဖြစ်သူ Kim Yong-man က “ Dara…ငါ အရင်တုန်းက ကြားခဲ့တယ်။ မင်းရဲ့ Ex တွေဟာ Cele တွေချည်းပဲဆို..ဟုတ်လား” လို့ မေးခဲ့တာပါ။
Dara က ရယ်မောပြီး “ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ လူမမိခဲ့ပါဘူး။ သတိထားမိခဲ့တဲ့အချိန် တွေတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါမှ ကျွန်မ ဒိတ်တာကို ဖမ်းမမိခဲ့ကြပါဘူး” လို့ ပြောခဲ့ပါတယ်။
Host Kim Yong-man က “ အနာဂတ်မှာရော ပြောပြဖို့ အစီအစဉ်ရှိလား” ထပ်မေးတဲ့အခါမှာတော့ Dara က “ ကျွန်မအနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင်တော့ လျှို့ဝှက်မထားတော့ပါဘူး။ စိတ် မကောင်းစရာက လက်ရှိအချိန် ကျွန်မမှာ မူးလို့ရှူစရာတောင်မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Kstarlive & SBSstar