– – – SEVENTEEN ကတော့ အံ့မခန်းအောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ပြီး….
နာမည်ကျော် K-pop အဖွဲ့ SEVENTEEN ကတော့ နောက်ဆုံးထွက်ရှိတဲ့ Your Choice နဲ့ အံ့မခန်း အောင်မြင်မှုတွေကို ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ပါတယ်။
SEVENTEEN ဟာ (၈) ကြိမ်မြောက် Mini Album Your Choice ကို ထွက်ရှိပြီး (၃) ရက်အကြာမှာပဲ Hanteo Weekly Chart ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
Hanteo ရဲ့ ဖော်ပြချက်အရ SEVENTEEN ရဲ့ Your Choice ဟာ ဇွန်လ (၁၄) ရက်ကနေ ဇွန်လ (၂၀) ရက်အတွင်း Album ချပ်ရေ (၉၇၄၈၁၃) ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
SEVENTEEN ဟာ အာရှမှာသာမက ကမ္ဘာ့တစ်ဝှမ်းမှာလည်း အောင်မြင်ခဲ့ပြီး နိုင်ငံပေါင်း (၂၂) နိုင်ငံရဲ့ iTunes World Wide Song Chart မှာ နံပါတ်တစ်၊ နိုင်ငံပေါင်း (၁၈) နိုင်ငံရဲ့ Tunes Album Chartမှာ နံပါတ်တစ်နေရာမှာတို့မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
-Ref: Koreaboo