K pop

■ သူတို့သီချင်းတွေကို Cover ကတဲ့အပေါ် BLACKPINK အဖွဲ့ဝင်တွေ ဘယ်လိုမြင်သလဲ

– – – ဖီလစ်ပိုင်ကောင်မလေးတွေက သူမတို့ရဲ့သီချင်းကို Cover ကနေတာကို BLACKPINK အဖွဲ့ဝင်တွေ ကြည့်ခဲ့ပြီး…

နောက်ပိုင်း K-pop နယ်ပယ်မှာ Cover Dance ရေစီးကြောင်းကလည်း ကြီးထွားနေတာပါ။

နာမည်ကျော်အဖွဲ့တစ်ဖွဲ့ သီချင်းသစ်ထွက်ပြီးတာနဲ့ ချက်ချင်းဆိုသလို အွန်လိုင်းမှာ Cover Dance တွေဆက်တိုက် ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ Globe နဲ့ တွေ့ဆုံရာမှာတော့ BLACKPINK အဖွဲ့က Cover တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

အဲဒီမှာ ဖီလစ်ပိုင်ကောင်မလေးတွေက သူမတို့ရဲ့သီချင်းကို Cover ကနေတာကို BLACKPINK အဖွဲ့ဝင်တွေ ကြည့်ခဲ့ပြီး သူမတို့ကို ချီးကျူးခဲ့ပါတယ်။ သူမတို့ရဲ့ ကပုံတွေ၊ လှုပ်ရှားပုံတွေက ကောင်းမွန်ကြောင်း၊ ပရော်ဖက်ရှင်နယ် Dancer တွေလို့ ထင်မှတ်မိကြောင်း BLACKPINK အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ကြပါတယ်။

ံHost က Cover Video တွေက နောက်အဆင့်တစ်ခုကိုရောက်သွားပြီလို့ မှတ်ချက်ပြုခဲ့ရာမှာတော့ BLACKPINK အဖွဲ့ဝင်တွေကလည်း သဘောတူခဲ့ကြပါတယ်။ Jisoo က သူမအနေနဲ့ Cover ဗီဒီယိုတွေရဲ့ အရည်အချင်းကို အထင်ကြီးမိကြောင်း၊ အဝတ်အစားကအစ ရိုက်ကူးရေးအဆုံး စနစ်တကျ ဖန်တီးထားကြောင်း ဆိုခဲ့ပါတယ်။

choreography သပ်သပ်တင်မဟုတ်ဘဲ expression တွေကလည်း ကောင်းမွန်ကြောင်း၊ Music Video တစ်ခုနဲ့တောင်တူနေကြောင်း Jisoo က ချီးကျူးခဲ့ပါတယ်။ Lisa က ပြီးပြည့်စုံလွန်းတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page