K pop

■ နိုင်ငံတကာပရိသတ်တွေအတွက် BTS ထုတ်ကုန်တွေကို ကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့အပေါ် Weverse Shop ဝေဖန်ခံရ

– – – -Weverse Company ဟာ ဒီအတွက် သတိပေးမှု ခံထားရပြီး…

Weverse Shop ဟာ နိုင်ငံတကာပရိသတ်တွေအတွက် BTS ထုတ်ကုန်တွေကို ကိုင်တွယ်ပုံညံ့ဖျင်းတဲ့အပေါ် ဝေဖန်မှုတွေနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပြန်ပါပြီ။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၂) ရက်နေ့တုန်းက နိုင်ငံတကာပရိသတ်တစ်ဦးဟာ Weverse Shop ကနေ welcome kit ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အဲဒီ Kit အတွက် အပြည့်အဝငွေပေးချေခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်နှစ်ကျော်ကြာတဲ့အထိ သူမဆီကို အဲဒီ welcome kit က ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ Korea Consumer Agency ရဲ့ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၁ ခုနှစ် မေလအထိ၊ Weverse Shop နဲ့ ပတ်သက်ပြီး နိုင်ငံတကာပရိသတ်တွေဆီကနေ တိုင်ကြားမှု (၁၃) ကြိမ်အထိ ရရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်က (၇) ကြိမ်၊ ဥရောပက (၄) ကြိမ်နဲ့ ဟောင်ကောင်၊ ဖီလစ်ပိုင်တို့က (၁) ကြိမ်စီ ဖြစ်ပါတယ်။ ပြဿနာအများစုက delivery ရောက်မလာတာမျိုးဖြစ်ပြီး ဒီအတွက် Korea Consumer Agency ကလည်း Weverse Company ကို သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။

-Ref: Koreaboo

You cannot copy content of this page