— ပြီးခဲ့တဲ့လက SM Entertainment ရဲ့ Rookie Girl Group aespa အဖွဲ့ဟာ ‘Next level’ နဲ့ Comeback ပြုလုပ်ခဲ့တယ်မဟုတ်လား…
Comeback ထွက်လာပြီးကတည်းက Rookie Girl Group ဆိုတာကို aespa အဖွဲ့က တဖြည်းဖြည်းချင်းသက် သေပြလာခဲ့ပါတယ်။ သူတို့ရဲ့ Title Song Next Level ဟာ Music Chart တွေမှာ တဖြည်းဖြည်း အပေါ်ကို တက်လာခဲ့တာပါ။ Debut လုပ်တာ တစ်နှစ်တောင်မပြည့်သေးပေးမယ့် ဒီလို အစွမ်းရှိတဲ့ aespa အဖွဲ့ကို K Netizen တွေက ချီးကျူးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ 10 ရက်နေ့မှာ aespa ရဲ့ Next Level ဟာ MelOn’s 24H Charts မှာ #3 ရပ်တည်ခဲ့လို့ ဒီအောင်မြင်မှုဟာပဲ ဒီကောင်မလေးအတွက် အမြင့်ဆုံးရပ်တည်မှုပဲလို့ ထင်မြင်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ထပ် #2 ကို တက်လာခဲ့သလို ဇွန်လ 22 ရက်နေ့မှာလည်း MelOn’s 24H Charts မှာ BTS ရဲ့ ကမ္ဘာကျော် သီချင်း Butter ကိုဖြုတ်ပြီး #1 ရပ်တည်သွားခဲ့ပါတယ်။
aespa ရဲ့ ပရိသတ်တွေဟာ ပျော်လွန်းအားကြီးလို့ လူမှုကွန်ရက်မှာ အောင်ပွဲခံခဲ့ကြပြီး သီချင်းထွက်တာ တစ် လတောင်ကြာပြီဖြစ်ပေမယ့် အခုလို aespa ရဲ့ အောင်မြင်မှုကို ချီးကျူးခဲ့ကြပါတယ်။ နောက်ပြီး aespa အဖွဲ့ ဟာ MelOn’s 24H Charts မှာ #1 ရပ်တည်နိုင်တဲ့ ပထမဆုံး SM Artist လည်းဖြစ်လာခဲ့ပါတယ်။
MelOn’s 24H Charts မှာ #1 ရပ်တည်တဲ့ K-pop Group တွေသိပ်မရှိဘဲ BLACKPINK ၊ BTS ၊ Brave Girls ၊ SSAK3 ၊ Refund Sisters လောက်ပဲရှိတာဖြစ်ပြီး ဒီလို Rookie Girl Group က အောင်မြင်စွာရပ်တည်နိုင်ခဲ့ပြီး ပထမဆုံး SM Entertainment ရဲ့ Artist လည်းဖြစ်လာခဲ့တာဖြစ်ပါတယ်။
-m2t
Ref: Allkpop