K pop

■ Billboard 200 မှာ Fifth Harmony ရဲ့ 7 နှစ်စံချိန်ကို ချိုးဖြတ်ခဲ့တဲ့ TWICE

—- TWICE အဖွဲ့ရဲ့ ‘Taste Of Love’ ဟာ စံချိန်တွေကို ချိုးဖြတ်နေဆဲဖြစ်ပြီး Billboard 200 မှာ Fifth Harmony ရဲ့ 7 နှစ်စံချိန်ကို ချိုးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က TWICE အဖွဲ့ရဲ့ Album ဟာ ဇွန်လ 11 ကနေ 17 ရက်အထိ အမေရိကရဲ့ Best-selling Album ဖြစ်ခဲ့ပါတယ်။ အခုပါတ်မှာလည်း Billboard Top Album Sales chart မှာ #1 အဖြစ် Debut ဖြစ်ခဲ့ပြီး နောက် Best Selling Album ဖြစ်နေဆဲဖြစ်ပါတယ်။

TWICE အဖွဲ့ဟာ အဆိုပါ Billboard Top Album Sales chart မှာ #1 EP ဖြစ်ခဲ့တဲ့ ပထမဆုံး Girl Group လည်းဖြစ်လာခဲ့ပါတယ်။ EP ဆိုတာဟာ များသောအားဖြင့် သီချင်း 5 ပုဒ်ကနေ 7 ပုဒ်သာပါဝင်တဲ့ Mini Album အမျိုးအစားကို ဆိုလိုတာပါ။

ထပ်ပြီးတော့ ‘Taste Of Love’ ဟာ Billboard 200 မှာ #6 Debut လုပ်နိုင်ခဲ့ပြီး Fifth Harmony ရဲ့ 7 နှစ်စံချိန်ကို ချိုးဖြတ်ခဲ့တယ်လို့လည်းသိရပါတယ်။ Fifth Harmony ဟာ 2013 ခုနှစ်က ‘Better Together’ EP Album နဲ့ Units 28000 ကျော်ရောင်းချနိုင်ခဲ့ကာ Billboard 200 သမိုင်းတစ်လျှောက် biggest first week for a girl group EP on Billboard 200 ဆိုပြီး စံချိန်တင်ထားတာပါ။

အခုအခါ TWICE ရဲ့ ‘Taste Of Love’ EP Album က Units 40000 ကျော်ရောင်းချနိုင်ခဲ့ကာ Fifth Harmony ရဲ့ 7 နှစ်စံချိန်ကို ချိုးဖြတ်ခဲ့ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page