Celebrity

■ BTS ရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူအနှစ်သက်ဆုံး သီချင်းကိုပါ ပြောပြခဲ့တဲ့ ဝါရင့် Idol ကြီး

— BTS အဖွဲ့ဟာ Cele တွေရဲ့ Cele ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပေမယ့် ဝါရင့် Idol ကြီးတွေရဲ့ နှစ်သက်မှုကို ခံရဖို့ဆိုတာ…

S.E.S ရဲ့ ဝါရင့် K-pop Idol ကြီးလည်းဖြစ် နာမည်ကျော် ဝါရင့်မင်းသမီးကြီးလည်းဖြစ်တဲ့ Eugene က သူမဟာ BTS ရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူအနှစ်သက်ဆုံး သီချင်းက ‘Boy with Luv’ ဖြစ်တယ်လို့ SBS’ television show ‘Tikita Car’ မှာ ဝန်ခံခဲ့ပါတယ်။

Show အတွင်းမှာ Eugene က “ ဒီရက်ပိုင်းတွေမှာ ကျွန်မ တကယ်ကို BTS မှ BTS ဖြစ်နေတာပါ။ ကျွန်မဟာ First Generation K-pop Group အဖွဲ့ဝင်တစ်ဦးဖြစ်လို့ သူတို့တွေရဲ့ ကမ္ဘာအနှံ့အောင်မြင်မှုကို အလွန်ဂုဏ်ယူ မိပါတယ်။

သူတို့ကို ‘Billboard Music Awards’ ဆုပေးပွဲမှာ စသိတာဖြစ်ပြီး K-pop Group အနေနဲ့ ဆုတွေရရှိခဲ့တာကို ကျွန်မ တုန်လှုပ်မိခဲ့ပါတယ်။ BTS ရဲ့ သီချင်းတွေအားလုံးကို ကျွန်မ နှစ်သက်ပါတယ်။ မကြာခဏဆိုသလို လည်း နားထောင်ပါတယ်။ သူတို့ရဲ့ သီချင်းတွေအားလုံးထဲကမှ ကျွန်မ အနှစ်သက်ဆုံးသီချင်းကတော့ ‘Boy with Luv’ ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ပြီး သူမအနေနဲ့ ဘာကြောင့် ‘Boy with Luv’ သီချင်းကို ပိုနှစ်သက်သွားသလဲဆိုတာကိုပါ Eugene က ရှင်းပြသွားခဲ့တယ်။

“ ကလေးငယ်တွေကို ကားထိုင်ခုံပေါ်မှာ ထိုင်ခိုင်းဖို့ဆိုတာ မိဘတွေအတွက် ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်မ သမီးတွေကိုလည်း ဒီလိုလုပ်ဖို့ ကျွန်မ မနည်းကြိုးပမ်းရပါတယ်။ ကျွန်မရဲ့ ဒုတိယသမီးအငယ်ဆိုရင် Ro-rin ဟာဆိုရင် ကားထိုင်ခုံမှာ ထိုင်ရတာကို မုန်းသူပါ။ သူမကို တစ်ယောက်တည်း ထိုင်ခိုင်းတိုင်း အော်ငိုလေ့ရှိ ပါတယ်။

တစ်နေ့တော့ ကျွန်မ ‘Boy with Luv’ သီချင်းကို ဖွင့်ရင်း သူမကို ကားထိုင်ခုံမှာ ထိုင်ခိုင်းတဲ့အခါ မငိုပဲနဲ့ တိတ် နေပြီး သီချင်းကို နားထောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မလည်း ‘Boy with Luv’ ထပ်ခါ ထပ်ခါ ဖွင့် ထားခဲ့ရပါတယ်။ ဒါကြောင့် အရမ်းနားယဉ်သွားတော့ ‘Boy with Luv’ ဟာ ကျွန်မ အနှစ်သက်ဆုံး BTS သီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်”

-Eugene

-m2t
Ref: SBSstar

You cannot copy content of this page