K pop

■ Burberry ပွဲ တက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ITZY အဖွဲ့ဝင်

— – – မကောင်းတဲ့ ကောလာဟလတွေ ထွက်နေချိန်မှာ ပွဲတက်ခဲ့ …

သိပ်မကြာခင်က ITZY အဖွဲ့ဟာ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Burberry ပွဲကို တက်ရောက်ခဲ့ပါတယ်။ ITZY အဖွဲ့ဝင်တွေအနေနဲ့ အွန်လိုင်းဖက်ရှင်ပွဲကို တက်တာဟာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ပရိသတ်တွေကတော့ ကျောင်းတော်က အနိုင်ကျင့်တဲ့ ကောလာဟလတွေ ထွက်နေစဉ်မှာ ပွဲတက်ခဲ့တဲ့ ITZY အဖွဲ့ဝင် Lia ကို အပြစ်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြဿနာတွေ စခဲ့တာက Naver Now က အွန်လိုင်းပွဲကို ITZY အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တဲ့ ပုံတွေ တင်ရာက စတာဖြစ်ပြီး Lia ကိုသာမက JYP Entertainment ကိုပါ ဝေဖန်ခဲ့ကြတာပါ။

ဆက်ပြီးတော့ ပရိသတ်တွေက ကျောင်းတုန်းက တခြားသူတွေကို အနိုင်ကျင့်ခဲ့တယ်လို့ သတင်းတွေ ထွက်နေတဲ့ Lia ကို ကာကွယ်ပေးခဲ့တဲ့ JYP Entertainment ရဲ့ လုပ်ရပ်ဟာလည်း အရှက်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာတော့ပါ မှတ်ချက်တွေ ပေးခဲ့ကြတာပါ။

ပရိသတ်တချို့ကတော့ လက်ရှိပြဿနာနဲ့ ပတ်သက်ပြီး မဟုတ်ဘူးဆိုရင် ကာယကံရှင်ဖြစ်တဲ့ Lia ကိုယ်တိုင် ထုတ်ပြန်ချက်တစ်ခုခုတော့ ထုတ်ပြန်သင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

Ref: KSZ

You cannot copy content of this page