K pop

■ Encore Stage ဖျော်ဖြေမှုမှာ အသံမကောင်းလို့ TWICE အဖွဲ့ ဝေဖန်ခံရပြန်

— – – TWICE အဖွဲ့ကို ပရိသတ်တွေ ဝေဖန်ခဲ့တဲ့ အကြောင်းကို ဒီဗီဒီယိုဖိုင်မှာ အဖြေရှာတွေ့…

TWICE အဖွဲ့ရဲ့ SBS’s music show “Inkigayo” က Encore Stage ဖျော်ဖြေမှုဟာ အဖွဲ့ဝင်တွေရဲ့ အသံတည်ငြိမ်မှု မရှိဘူးဆိုပြီး ဝေဖန်ခြင်းခံနေရပါတယ်။

ဇွန် (၂၀)ရက်က TWICE အဖွဲ့ဟာ SBS’s music show “Inkigayo” မှာ “Alcohol-Free” သီချင်းနဲ့ အနိုင်ရခဲ့ပြီး ထုံးစံအတိုင်း ပွဲအပြီးမှာ Encore Stage ဖျော်ဖြေမှု ပြုလုပ်ခဲ့တာပါ။

အဲဒီဖျော်ဖြေမှုက ကံမကောင်းစွာပဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် Chaeyoung နဲ့ Jeongyeon တို့ရဲ့ အပိုဒ်တွေမှာ voices crack ဖြစ်နေခဲ့တာဖြစ်ပြီး Chaeyoung ဟာ သူ့အပိုဒ်ကို သီဆိုပြီးနောက် ရယ်နေခဲ့ပါတယ်။

ပရိသတ်တစ်ယောက်က “TWICE အဖွဲ့ ပွဲထွက်တာ (၆)နှစ်ရှိပြီး အခုထိ အဆိုပိုင်း မတိုးတက်သေးဘူး” “သူတို့ ပရိသတ်တွေ ပင်ပန်းမှာတော့ သူတို့ သီချင်းမဆိုတတ်တာကို ဖုံးကွယ်နေတာနဲ့ပဲ”လို့ တခြားပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။

ဝေဖန်ခံခဲ့ရတဲ့ TWICE အဖွဲ့ရဲ့ SBS’s music show “Inkigayo” က “Alcohol-Free” သီချင်း Encore Stage ဖျော်ဖြေမှုကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: KPZ

You cannot copy content of this page