— – – ပွဲထွက်တာ တစ်နှစ်တောင် မကြည်သေးပေမဲ့ SM မှာ မီဂါအဖွဲ့တွေ၊ အနုပညာရှင်တွေတောင် မရဖူးသေးတဲ့ စံချိန်ကို …
Aespa အဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၁၇)ရက်က “Black Mamba” ဆိုတဲ့ သီချင်းနဲ့ပွဲထွက်ခဲ့တာကြောင့် ပွဲထွက်တာ တစ်နှစ်တောင် မပြည့်သေးပါဘူး။
ဒါပေမဲ့ Aespa အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် Next level သီချင်းနဲ့ SM အနုပညာရှင်တွေထဲမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။
မေလ (၁၇)ရက်နေ့က ထုတ်ဝေတဲ့ Aespa အဖွဲ့ရဲ့ Next level သီချင်းဟာ ဇွန်လ (၂၂)ရက်မှာတော့ BTS ရဲ့ နာမည်ကျော်သီချင်း Butter ကို ကျော်ပြီး MelOn’s 24H music chart မှာ နံပါတ် (၁) ဖြစ်ခဲ့တာပါ။
ဒါဟာ SM အနုပညာရှင်တွေထဲမှာ ပထမဆုံးဖြစ်ခဲ့ပြီး ဘယ် SM အနုပညာရှင်မှာ ဒီလိုလုပ်နိုင်ခြင်းမရှိသေးတာကြောင့် Aespa အနေနဲ့ SM အနုပညာရှင်တွေထဲမှာ ပထမဆုံးအဖြစ်ရော၊ တစ်ခုတည်းသော အနုပညာရှင်အဖြစ်ပါ စံချိန်ခဲ့တာပါ။
MelOn 24H music chart ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ အသစ်ပြန်လည်စတင်ခဲ့တာဖြစ်ပြီး နံပါတ်(၁) ရပ်တည်နိုင်တဲ့ K-Pop အဖွဲ့ (၆)ဖွဲ့သာ ရှိတာပါ။
Ref: AKP