Celebrity

■ ပရိသတ်တွေ မျှော်လင့်နေတဲ့ Kingdom: Ashin of the North ပိုစတာနဲ့ အလန်းစား Trailer

— – – မင်းသမီးချော Jun Ji Hyun ရဲ့ ပိုစတာနဲ့ Trailer က ဘယ်လောက်ထိ ဆွဲဆောင်မှုရှိတယ်ဆိုတာ …

ပြီးခဲ့တဲ့ ရက်ပိုင်းက Netflix ဟာ သူတို့ရဲ့ ပေါ်ပြူလာစီးရီး Kingdom ရဲ့ တတိယမြောက်ဖြစ်တဲ့ Kingdom: Ashin of the North နဲ့ အလန်းစား Trailer တွေကို ထုတ်ပြခဲ့ပါတယ်။

Kingdom: Ashin of the North မှာ အဓိကသရုပ်ဆောင်အဖြစ် ကိုရီးယားရဲ့နာမည်ကျော်မင်းသမီးချော Jun Ji Hyun ပါဝင်ထားပြီး ဇူလိုင် (၂၃)ရက်မှာ စတင်ထုတ်လွှင့်မှာပါ။

အဲဒီဇာတ်လမ်းတွဲမှာ Jun Ji Hyun က အားလုံးစွန့်ပစ်ခြင်းခံရတဲ့ Ashin အဖြစ် သရုပ်ဆောင်ထားပြီး ပိုစတာမှာတော့ Ashin ဟာ ရန်သူတွေကို ရင်ဆိုင်မယ့်တစ်ဦးတည်းသောသူအဖြစ် မြင်တွေ့ရပါတယ်။

Kingdom: Ashin of the North ရဲ့ အလန်းစား Trailer ကိုတော့ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: KSL

You cannot copy content of this page