K pop

■ SEVENTEEN ရဲ့ Photocards မှာ SHINee အဖွဲ့ဝင်တစ်ဦး ပါဝင်နေလို့ ပရိသတ်တွေ စိတ်ရှုပ်

— – – SEVENTEEN ရဲ့ Album ဘာကြောင့် SHINee အဖွဲ့ဝင် ပါနေတာလဲ …

SEVENTEEN အဖွဲ့ဟာ သူတို့ရဲ့ (၈)ခုမြောက် Mini-Album ဖြစ်တဲ့ Your Choice ကို ဇွန်လ (၁၈)ရက်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Album မှာ သူတို့ရဲ့ random Photocards တွေကိုလည်း ထည့်သွင်းထားတာပါ။

Photocards တွေက K-Pop ပရိသတ်တွေ အလိုချင်ဆုံးအရာတွေက တစ်ခုဖြစ်လို့ ဘာမှပြောစရာမရှိပေမဲ့ SEVENTEEN အဖွဲ့ဝင်တွေကြားမှာ SHINee အဖွဲ့ဝင် Taemin ပါဝင်နေတာကတော့ CARATs(SEVENTEEN အဖွဲ့ရဲ့ Fandom အမည်) တွေအတွက် ပြောစရာ ဖြစ်ခဲ့တာပါ။

SEVENTEEN ရဲ့ Album ကို ဝယ်ယူခဲ့တဲ့ ပရိသတ်တော်တော်များများက SEVENTEEN ရဲ့ Photocards တွေမှာ SHINee အဖွဲ့ဝင် Taemin ပါဝင်နေတာကို လူမှုကွန်ရက်တွေမှာ တင်ခဲ့ကြပါတယ်။

ပြီးတော့ သူတို့က SHINee အဖွဲ့ဝင် Taemin ရဲ့ ဓာတ်ပုံတွေက SEVENTEEN ရဲ့ Photocards မှာ အဓိက ပုံအဖြစ်တောင် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး SEVENTEEN ရဲ့ အေဂျင်စီ Pledis Entertainment ဘက်ကတော့ ဘာမှထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Ref: KSL

You cannot copy content of this page