K pop

■ Billboard မှာ ဆုမရခင်က BTS အဖွဲ့ကို သိတောင်မသိခဲ့ဘူးဆိုတဲ့ Penthouse မင်းသမီး

— – – BTS အမာခံပရိသတ်တစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ ရိုးသားတဲ့ ဝန်ခံချက်ကတော့ …

အရမ်းကို နာမည်ကြီးနေတဲ့ Penthouse ဇာတ်လမ်းတွဲရဲ့ အဓိကမင်းသမီးတစ်ဦးဖြစ်တဲ့ Eugene ဟာ BTS အဖွဲ့ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာကို ပရိသတ်တွေ သိရှိပြီးဖြစ်မှာပါ။

K-Pop ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ S.E.S အဖွဲ့နဲ့အတူ ကျော်ကြားခဲ့တဲ့ Idol တစ်ဦးလည်းဖြစ်သူ Eugene ဟာ SBS talk show Tiki TaCar မှာတော့ BTS အဖွဲ့နဲ့ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

Eugene က “Billboard မှာ BTS အဖွဲ့ ဆုရတာကို ကျွန်မ တွေ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ကို သိခဲ့တာပါ။ ရိုးသားစွာ ဝန်ခံရမယ်ဆိုရင်တော့ အရင်တုန်းကတော့ BTS အဖွဲ့ကို ကျွန်မ မသိခဲ့ပါဘူ။ အခုတော့ ကျွန်မဟာ သူတို့ရဲ့ ပရိသတ် ဖြစ်နေပါပြီ”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် Eugene က သူ့ရဲ့ သမီးတွေကလည်း BTS အဖွဲ့ရဲ့ သီချင်းတွေကို နှစ်သက်မှုရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Ref: KSZ

You cannot copy content of this page