Celebrity

■ YG နဲ့လက်တွဲပြီးနောက် ပရိသတ်အာရုံစိုက်မှုကို ရရှိနေတဲ့ Son Na-eun

— – – Son Na-eun ရဲ့ YG Artist Profile ပုံတွေကတော့ …

Play M Entertainment နဲ့ လမ်းခွဲပြီးနောက်မှာ ပြီးခဲ့တဲ့ မေလက YG Entertainment နဲ့ လက်တွဲခဲ့တဲ့ Apink အဖွဲ့ဝင် Son Na-eun ဟာ အဲဒီကတည်းက ပရိသတ်တွေ အာရုံစိုက်မှုကို ရရှိနေတာပါ။

သိပ်မကြာခင်က YG Entertainment ဟာ သူတို့ရဲ့ အနုပညာရှင်တွေရဲ့ Profile ပုံတွေကို တင်ခဲ့တာဖြစ်ပြီး သူတို့နဲ့ လက်တွဲခဲ့တဲ့ အနုပညာရှင်သစ်တွေကိုလည်း Update လုပ်ခဲ့တာပါ။

YG က တင်ခဲ့တဲ့ Son Na-eun ရဲ့ ပုံတွေဟာ ပရိသတ်တွေရဲ့ အာရုံတွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ အထူးသဖြင့် အဲဒီ Profile ပုံတွေမှာ Son Na-eun ဟာ အရမ်းကို ဆွဲဆောင်မှုရှိပြီး လှနေတယ်လို့ ပရိသတ်တွေက မှတ်ချက်တွေ ပြုနေကြပါတယ်။

Son Na-eun ဟာ မင်းသမီးအဖြစ် YG Entertainment နဲ့ လက်တွဲခဲ့တာဖြစ်ပြီး YG Entertainment က သူ့ကို မင်းသမီးအဖြစ် အစွမ်းကုန်ပံ့ပိုးပေးမှာဖြစ်သလို၊ Apink အဖွဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

YG Entertainment နဲ့ လက်တွဲပြီးနောက်မှာ Son Na-eun အနေနဲ့ ဇာတ်ကားသစ် ရိုက်ရခြင်းမရှိသေးဘဲ ကြော်ငြာ ရိုက်ကူးမှုတွေ၊ မဂ္ဂဇင်းရိုက်ကူးမှုတွေတော့ အရင်ကထက် ပိုစိပ်လာတာကို တွေ့ရပါတယ်။

Ref: AKP

You cannot copy content of this page