K pop

■ သူ့ရဲ့ဓာတ်ပုံတွေကို ဝေဖန်တဲ့ ပရိသတ်တွေကို Tao ပြင်းထန်စွာတုံ့ပြန်

— – – EXO အဖွဲ့ဝင်ဟောင်း Tao ဟာ ပရိသတ်တွေရဲ့ဝေဖန်မှုကြောင့် နောက်ဆို …

EXO အဖွဲ့ဝင်ဟောင်း Tao ဟာ သူ့ရဲ့ Label Z.TAO Studio online မှာ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ အဲဒီဓာတ်ပုံတွေဟာ ပရိသတ်တွေဆီမှာ ဝေဖန်ခံခဲ့ရတာပါ။

ပရိသတ်တွေက အဲဒီဓာတ်ပုံတွေဟာ အရည်အသွေးမကောင်းဘူးဆိုပြီး ဝေဖန်ခဲ့တဲ့အပြင် Tao ရဲ့ စတိုင်လ်နဲ့ အဝတ်အစား ဝတ်ဆင်မှုတွေကိုပါ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ဓာတ်ပုံတင်တဲ့ အချိန်ကိုလည်း ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဝေဖန်မှုကို Tao က “ဓာတ်ပုံရိုက်ရတာကို ကျွန်တော် အရမ်းပျင်းပါတယ်။ ကျွန်တော့်အနေနဲ့ ဓာတ်ပုံကို ဘယ်အချိန်တင်တင် ဘာအရေးကြီးလို့လဲဗျာ။ ပြီးတော့ အချိန်တိုင်း ဝတ်စုံလဲတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်”လို့ Weibo မှာ ကနဦး တုံ့ပြန်ခဲ့ပါတယ်။

ဆက်ပြီးတော့ Tao က “ထပ်ပြီး ခပ်ရှင်းရှင်း ပြောပါရစေ။ ကျွန်တော်က အစစ်အမှန်တွေကိုပဲ အလေးထားတယ်။ ကျွန်တော့်ကို ဘာဖြစ်ချင်တာလဲဆိုတာကို အမြဲစဉ်းစားတယ်။ ပရိသတ်တွေ အကြံပြုတာတွေကို ကျွန်တော် ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။

ပြီးတော့ ကျွန်တော့် ဝန်ထမ်းတွေကို ဝေဖန်နေကြတာတွေက အဓိပ္ပာယ်မရှိဘူး။ သူတို့က ကျွန်တော့်ကို ထိန်းချုပ်နေတယ်လို့ ခင်ဗျားတို့ ထင်နေတာလား။ သူများကို အပြစ်တင်နေမယ်ဆိုရင် ကျွန်တော့်ကိုလည်း အားပေးမနေပါနဲ့”လို့ Weibo မှာ ဆက်လက်ရေးသားခဲ့ပါတယ်။

Tao က သူ့အနေနဲ့ မဂ္ဂဇင်းတွေ၊ Pre-events ဓာတ်ပုံရိုက်တာတွေကိုလည်း လုံးဝပြုလုပ်တော့မှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

Ref: KSZ

You cannot copy content of this page