– – – သူမနဲ့ နီးစပ်သူ တစ်ယောက်ဟာ COVID ကူးစက်ခံလိုက်ရပြီးနောက်…
Woollim Entertainment က Lovelyz အဖွဲ့ဝင် Jisoo ဟာ COVID-19 ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်နေ့ုတုန်းက Jisoo ဟာ COVID-19 ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိကြောင်း၊ ဇွန်လ (၂၁) ရက်နေ့တုန်းက Jisoo နဲ့ နီးစပ်သူတစ်ယောက် COVID ဖြစ်နေတာကို သူမအနေနဲ့ သတိထားမိခဲ့ကြောင်း၊
ဒါကြောင့် Jisoo အနေနဲ့ COVID စစ်ဆေးမှု ခံယူခဲ့ကြောင်း၊ Jisoo အနေနဲ့ လှုပ်ရှားမှုတွေကို ရွှေ့ဆိုင်းလိုက်ပြီး အေဂျင်စီအနေနဲ့ ကျန်းမာရေး အာဏာပိုင်တွေရဲ့ စည်းမျဉ်းတွေကို လိုက်နာသွားမှာဖြစ်ကြောင်း၊ အနီးစပ်
ထိတွေ့ခဲ့သူတွေဖြစ်တဲ့ Lovelyz အဖွဲ့ဝင်တွေကလည်း ဇွန်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ဆေးမှုခံယူခဲ့ပြီး Quarantine ဝင်လျက်ရှိနေကြောင်း Woollim Entertainment ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထို့ကြောင့် Lovelyz အဖွဲ့ဝင် Mijoo ကလည်း သူမရဲ့ အချိန်ဇယားတွေကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Mijoo ဟာ SBS Power FM’s Cultwo Show၊ tvN ရဲ့ Six Sense 2 တွေက အချိန်ဇယားတွေကို ရွှေ့ဆိုင်းခဲ့ရတာပါ။
Star Today ရဲ့ ဖော်ပြချက်အရ Mijoo ဟာ COVID-19 စစ်ဆေးမှု Negative ပြခဲ့တယ်လို့ သိရပါတယ်။
-Ref: Koreaboo