K pop

■ Brave Girls အဖွဲ့ရိုက်ကူးတဲ့ ဆေးကြော်ငြာတစ်ခု ဝေဖန်ခံနေရ

– – – ဒီကြော်ငြာက ပေးချင်တဲ့ မက်ဆေ့ချ်ကို ပရိသတ်တွေက မချင့်မရဲဖြစ်နေပြီး…

ဒီရက်ပိုင်းအတွင်း နာမည်ကျော်နေတဲ့ Brave Girls အဖွဲ့ကတော့ ပရိသတ်တွေရဲ့ ရေပန်းစားမှုအောက် ရောက်လာခဲ့ပြန်ပါပြီ။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကောင်းတဲ့ကျော်ကြားခြင်းမျိုးနဲ့ မဟုတ်ဘဲ သူမတို့ ရိုက်ကူးထားတဲ့ ဆေးကြော်ငြာတစ်ခုကို ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။ Brave Girls ဟာ နာမည်ကျော်ကြားလာတာနဲ့အမျှ လွန်ခဲ့တဲ့ (၂) လအတွင်း ကြော်ငြာ (၂၅) ခုကျော်ရိုက်ကူးခဲ့ရတာပါ။

အဲဒီအခါကမှ ကိုရီးယားရိုးရားဆေးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gujeon Nokyong ကြော်ငြာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်နေကြတာပါ။ ဒီဆေးဟာ သမင်ချိုကနေ ပြုလုပ်ထားပြီး ဆေးအလွန်ကြီးတဲ့ဆေးလို့ သိရပါတယ်။

ဒီကြော်ငြာကို ရုံခန်းတစ်ခုနဲ့ ဇာတ်လမ်းဆင်တည်ဆောက်ထားတာပါ။ ရုံးမန်နေဂျာက သူ့ဝန်ထမ်းတွေကို ညအချိန်ပိုဆင်းဖို့ ပြောလိုက်ပါတယ်။ အဲဒီလို ပြောလိုက်ရာမှာတော့ ဝန်ထမ်းတစ်ဦးက ညအချိန်ပိုဆင်းရတဲ့အတွက် ချက်ချင်းကိုပျော်ရွှင်သွားပြီး ကျန်ဝန်ထမ်းတွေက သူ့ကို ဒေါသထွက်ခဲ့ကြပါတယ်။

နောက်တော့မှ Brave Girls အဖွဲ့ဝင် (၄) ဦးက ပေါ်လာပြီး အားအင်ဖြစ်စေမဲ့ Gujeon Nokyong ကို ပေးလိုက်တော့မှ ကျန်ဝန်ထမ်းတွေက သူ ဘာကြောင့် ညအချိန်ပိုချင်းဆင်သလဲဆိုတာ သဘောပေါက်ခဲ့ရပါတယ်။ ကောင်မလေးချောချောလှလှလေးတွေက Gujeon Nokyong အားဆေးကို လာပေးတယ် ဘာညာပေါ့။

ဒီကြော်ငြာဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ ညအချိန်ပိုဆင်းတာကို အားပေးအားမြောက် ပြုလုပ်ရာရောက်ကြောင်း၊ ကြော်ငြာရဲ့ မက်ဆေ့ချ်က ညအချိန်ပိုဆင်းတာကို ပေးစွမ်းနေကြောင်း၊ ဒါက ရူးနှမ်းတဲ့ ကြော်ငြာဖြစ်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

-Ref: Koraeboo

You cannot copy content of this page