– – -Songa Kang ရဲ့ သရုပ်ဆောင်ပိုင်းဟာ ကောင်းပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့…
မင်းသား Song Kang ဟာ Love Alarm မှာ အဓိက မင်းသားနေရာကနေ ပါဝင်ရင်း ပရိသတ်တွေကြား နာမည်ကျော်ကြာသူ ဖြစ်ပါတယ်။
Song Kang ဟာ ၂၀၁၇ ခုနှစ်မှာ The Liar and His Lover ဇာတ်လမ်းတွဲနဲ့ ပွဲထွက်ခဲ့ပြီး အဲဒီနောက် နာမည်ကျော ်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခွင့် ရခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Song Kang ဟာ Han So Hee နဲ့ Nevertheless ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။
နောက်ဆုံး ရိုက်ကူးထာားတဲ့ Navillera ဇာတ်လမ်းတွဲမှာတော့ Song Kang ဟာ အသံပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။ Song Kang ရဲ့ သရုပ်ဆောင်ပိုင်းဟာ မဆိုးပေမဲ့ သူ့အနေနဲ့ အသံပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေတက်ရောက်သင့်ကြောင်း K-Netizens တွေက အကြံပြုတိုက်တွန်းခဲ့ပါတယ်။
Love Alarm ထဲက ဇာတ်ရုတ်ဖြစ်တဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ကျောင်းသားပုံစံက Song Kang နဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်ဖြစ်ကြောင်း၊ webdrama တွေကို သရုပ်ဆောင်ရာမှာ Song Kang က ကောင်းမွန်ကြောင်း၊ Nevertheless မှာ Song Kang ရဲ့ပုံစံကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း K-Netinzens တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
-Ref: Koreaboo