K pop

■ နောက်ဆုံးတော့ BLACKPINK ရဲ့ ‘4+1 Project’ အဓိပ္ပါယ်ထွက်လာခဲ့ပြီ

—- BLACKPINK အဖွဲ့ဟာ တစ်ခုခုလုပ်တိုင်း BLINK တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် လျှို့ဝှက်မှု တွေနဲ့ပြုလုပ်လေ့ရှိတာပါ။

ဇွန်လ 15 ရက်နေ့က BLACKPINK အဖွဲ့နဲ့ YG Eentertainment ဟာ BLACKPINK 5 နှစ်ပြည့် Debut နှစ်ပတ် အတွက် ‘4+1 Project’ ဆိုပြီး ပုံတစ်ပုံကို ထုတ်ပြခဲ့ပါတယ်။ ဒီလို ထုတ်ပြခဲ့လို့ BLINK တွေဟာ BLACKPINK အနေနဲ့ ပရော့ဂျက်အသစ်ထုတ်တော့မယ်ဆိုပြီး စိတ်ခုန်ခဲ့ကြပါတယ်။

နောက်တော့ ဇွန်လ 21 ရက်နေ့မှာ YG က BLACKPINK ‘The Movie’ ဆိုပြီး ထုတ်ပြန်ခဲ့လို့ BLACKPINK အဖွဲ့ ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ရုပ်ရှင်အနေနဲ့ တွေ့မြင်ရတော့မယ်ဆိုပြီး ဝမ်းသာခဲ့ကြပြန်ပါတယ်။ ဒါ့အပြင် BLACKPINK အဖွဲ့ရဲ့ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေကိုလည်း ချီးကျူးခဲ့ကြတာပါ။ Full Album စထွက်တုန်းက နာမည်ကို ‘ The Album’ လို့ ပေးခဲ့သလို ရုပ်ရှင်ထွက်တော့လည်း ‘ The Movie’ လို့ ရိုးရိုးလေး နဲ့ ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေကိုပါ ချီးကျူးခဲ့ကြတာပါ။

ဇွန်လ 23 ရက်နေ့မှာတော့ YG နဲ့ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပရော့ဂျက်အသစ်ကို ဗီဒီယိုဖိုင်ထွေလာ ထုတ်ပြန်ခဲ့သလို ‘4+1 Project’ ရဲ့ အဓိပ္ပါယ်ကိုပါ ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။

ဗီဒီယိုထွေလာအရ BLACKPINK အဖွဲ့ဟာ Debut စလုပ်ကတည်းက ဒီနေ့အထိ 5 နှစ်ပြည့် Debut နှစ်ပတ် လည်အတွက် အထူးပြုလုပ်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အမာခံပရိသတ် BLINK တို့ ဆက်သွယ်မှုတွေကို ဖော်ပြမှာပါ။ ဒါကြောင့် ‘4+1 Project’ ဆိုတာက BLACKPINK နဲ့ BLINK ကို ဆိုလိုတာဖြစ်ပါတယ်။ 4 = BLACKPINK အဖွဲ့ဝင် 4 ဦး ၊ 1 = BLINK တွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page