Celebrity

■ Lee Min Ho ရတဲ့ မွေးနေ့လက်ဆောင်ကို မြင်ရင် အံ့မသြကြေး

—- Lee Min Ho ဟာ ဘယ်လောက်ထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသလဲဆိုတာ..

ပြီးခဲ့တဲ့ ဇွန်လ 22 ရက်နေ့က Lee Min Ho ဟာ သူ့ရဲ့ အသက် 34 နှစ်ပြည့်မွေးနေ့ကို ဖြတ်သန်းခဲ့တာ ပရိသတ်တွေအားလုံးသိမယ်လို့ ထင်ပါတယ်။

အဆိုပါနေ့ရဲ့ ညနေပိုင်းမှာ Lee Min Ho ဟာ သူ့ရဲ့ Instagram မှာ ကလေးဘဝဓါတ်ပုံလေးတစ်ပုံကို တင်ခဲ့ ပါတယ်။ ဓါတ်ပုံထဲမှာ Lee Min Ho အသေးစားလေးဟာ ပြုံးပျော်နေပြီး အဓိပ္ပါယ်က ဒီဂြိုလ်မှာ သူက အပျော် ရွှင်ဆုံး ကလေးဖြစ်တယ်လို့ ဆိုလိုပုံပေါ်ပါတယ်။ အဆိုပါပုံအောက်မှာလည်း “ Thank You… I’m So Happy” ဆိုပြီး ရေးသားခဲ့တာပါ။

အဆိုပါ 22 ရက်နေ့ ကုန်ခါနီးအချိန်မှာလည်း Lee Min Ho က Instagram မှာ ဓါတ်ပုံနဲ့ Update လုပ်ခဲ့ပြန်ပါ တယ်။ အဲဒီ ဓါတ်ပုံကတော့ အခန်းထဲမှာ မွေးနေ့လက်ဆောင်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ Lee Min Ho နဲ့ ပုံဖြစ်ပါ တယ်။ ကိတ်တွေ၊ ပန်းတွေ၊ စာတွေအပါအဝင် လက်ဆောင်မျိုးစုံဟာ အခန်းထဲမှာ ပြည့်ကျပ်နေပြီး လက်ဆောင်အလယ်က Lee Min Ho လို့ တင်စားရမလို့ပါပဲ။

လက်ဆောင်တွေနဲ့ပြည့်နှက်နေတဲ့ Lee Min Ho ဟာ ပတ်ပတ်လည်လည်ကို ကြည့်ပြီး ပျော်ရွှင်နေသလို ပရိသတ်တွေဆီက ဒီလောက်ထိ လက်ဆောင်တွေရလောက် အချစ်ခံရတဲ့ မင်းသားတစ်ဦးဆိုတာ ဓါတ်ပုံ ကိုကြည့်ရင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page