—- K-pop ရေစီးကြောင်းရဲ့ ကမ္ဘာအနှံ့စီးဆင်းလာမှုကို K-popper တွေအားလုံးလည်းသိကြပါတယ်…
U.S Billboard ‘Hot 100’ ထဲဝင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ K-pop တွေ ခေတ်စားလာတာနဲ့အမျှ Billboard ‘Hot 100’ ထဲမှာ K-pop သီချင်းတွေ မြောက်များစွာရပ်တည်လာခဲ့ကြပါတယ်။
2012 ခုနှစ်က တစ်ကမ္ဘာလုံးရပ်သိရွာသိဖြစ်ခဲ့တဲ့ PSY ရဲ့ “Gangnam Style” ဟာ U.S Billboard ‘Hot 100’ ထဲဝင်ရောက်ကာ #2 ချိတ်ဆွဲခဲ့တဲ့အထိ U.S မှာ K-pop ရေစီးကြောင်းကို အစပြုခဲ့တာပါ။ BTS အဖွဲ့ရဲ့ Dynamite က #1 ချိတ်ပြီး သမိုင်းဝင်အောင်မြင်မှုမရသေးခင်အထိ PSY က သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။ ထပ် ပြီးတော့ BTS က နောက်ထပ်တဲ့ Butter နဲ့အတူ #1 (4)ပါတ်ဆက်တိုက်ရပ်တည်ပြီး စံချိန်သစ်တွေစိုက်ထူခဲ့ တာလည်းဖြစ်ပါတယ်။
K-pop သီချင်းတွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပြီး နားထောင်သူတွေ ဘယ်လောက်ထိ များပြားလဲ ဆိုတာကို Billboard ‘Hot 100’ ပါဝင်ခဲ့ဲတဲ့ K-pop သီချင်းတွေက သက်သေပြတာလည်းဖြစ်ပါတယ်။ Billboard ‘Hot 100’ ထဲ ဝင်ခဲ့တဲ့ K-pop သီချင်းတွေကို ဖော်ပြရရင်…
-m2t
Ref: Allkpop