K pop

■ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူတွေလို့ တင်စားခံထားရတဲ့ အမျိုးသမီး Idol များ

သူတို့ဟာ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတယ်လို့ တင်စားရအောင် ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာကြတဲ့ Idol တွေပဲ ဖြစ်ပါတယ်။

TWICE’s Mina

TWICE အဖွဲ့ဝင် Mina ဟာ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာခဲ့တယ်လို့ အင်တာနက်အသုံးပြုသူတွေက ယုံကြည်လျက်ရှိနေပါတယ်။ Mina ဟာ စီမံခန့်ခွဲမှုသင်တန်းတွေကိုလည်း တက်ရောက်ခဲ့လို့ အနာဂတ်မှာ သူမအမေရဲ့ကုမ္ပဏီကိုလွှဲပြောင်းရယူဖွယ်ရှိနေတယ်လို့လည်း ထင်ကြေးပေးခံနေရသူပါ။

BLACKPINK’s Jennie

ကမ္ဘာကျော် အမှတ်တံဆိပ်တွေကိုသာ သုံးစွဲလေ့ရှိတဲ့ Jennie ဟာလည်း ချမ်းသာတဲ့မိသားစုက မွေးဖွားလာခဲ့ပြီး ဆွဲဆောင်မှုရှိလွန်းသူပါ။

Girls’ Generation’s

 

SNSD အဖွဲ့ဝင် Seohyun ရဲ့မိသားစုကလည်း ချမ်းသာသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ သူမဟာ ကိုရီးယားဇာတ်လမ်းတွဲထဲက လူတိုင်းစိတ်ကူးယဉ်ရတဲ့ ချမ်းသားတဲ့ဘဝမျိုးကို ပိုင်ဆိုင်ထားတယ်လို့ တချို့ကလည်း ဆိုကြပါတယ်။

ITZY’s Lia

Lia ကိုတော့ မရှိဘူး ဆိုတာကို မသိဘဲ မွေးဖွားလာသူလို့ ပရိသတ်တွေက တင်စားထားကြပါတယ်။ သူမရဲ့ သဘာဝအတိုင်း ဆွဲဆောင်မှုရှိလွန်းတဲ့ပုံစံတွေကလည်း Lia ရဲ့ဘဝအခြေအနေကို ထင်ဟပ်စေပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page