K pop

■ Park Hyung Sik အပေါ် ထားရှိတဲ့ ခံစားချက်တွေကို Park Bo Young ဖွင့်ဟခဲ့စဉ်က

– – – -တစ်ချိန်တုန်းကတော့ သူတို့နှစ်ယောက်စုံတွဲဟာ ပရိသတ်တွေကြား နာမည်ကျော်ခဲ့ပြီး Ship ခဲ့တဲ့အထိ..

၂၀၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Strong Woman Do Bong Soon ထဲမှာ မင်းသား Park Bo Young နဲ့ မင်းသမီး Park Hyung Sik တို့ဟာ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတာပါ။

သူတို့နှစ်ယောက်ကို ပရိသတ်တွေက သဘောတူတဲ့အထိ ဖြစ်ခဲ့ကြတာပါ။ အဲဒီဇာတ်လမ်းတွဲပြီးကတည်းက သူတို့နှစ်ယောက်ဟာ အင်တာဗျူးတွေမှာ တစ်ယောက်အကြောင်း တစ်ယောက် ပြောဆိုခဲ့ကြပါတယ်။ Park Bo Young ကတော့ Park Hyung Sik အပေါ် ခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပါ။

“ZE:A အဖွဲ့နဲ့ Hyung Sik တစ်ယောက် Idol အဖြစ် ပွဲထွက်ပြီးကတည်းက ကျွန်မမျက်စီကျခဲ့တာပါ။ သီချင်းခေါင်းစဉ်တွေအကုန်လုံးကို ကျွန်မနှလုံးသားထဲမှာ မှတ်ထားပါတယ်။ Strong Woman Do Bong Soon ဇာတ်လမ်းတွဲ ရိုက်တုန်းကလည်း Hyung Sik ဟာ ZE:A ရဲ့သီချင်းတွေကို ကပြခဲ့တယ်”
-Park Bo Young

Park Bo Young ဟာ ချစ်စရာကောင်းသူတစ်ယောက်လို့လည်း Hyung Sik က ဝန်ခံထားခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ြ

You cannot copy content of this page