– – – ကျောင်းမှာ လူချစ်လူခင် ပေါများအောင် ဘယ်လိုနေရမလဲဆိုတာကို V က အကြံပေးခဲ့တာပါ။
BTS အဖွဲ့ဝင် V ဟာ အရည်အချင်းပြည့်ဝပြီး ဆွဲဆောင်မှုရှိတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် V ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတစ်ယောက်ဖြစ်ပြီး လူချစ်လူခင်လည်း ပေါများပါတယ်။
ဒါကြောင့် V ဟာ ကျောင်းနေစဉ်အရွယ်တုန်းက သူငယ်ချင်းတွေ ပေါများပြီး အလွန်ရေပန်းစားသူတစ်ယောက်ပါ။ ဒီလိုမျိုးအချက်တွေကြောင့် ARMY တစ်ယောက်က သူ့အနေနဲ့ ကျောင်းမှာ သူငယ်ချင်းပေါများအောင် ဘယ်လိုပြုမူရမလဲဆိုတာကို V ထံ အကြံဉာဏ်တောင်းခဲ့ပါတယ်။
“Taehyung Oppa ရေ။ သူငယ်ချင်းများအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မသိဘူး။ အကြံဉာဏ်ပေးပါဦး”လို့ အဲဒီ ARMY က ဆိုခဲ့တာပါ။ အဲဒီအခါ V က အတန်းဖော်သစ်တွေနဲ့ ခင်ဖို့ဆိုတာ ပထမဆုံးအမြင်က အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။
V ဟာ သူ့အနေနဲ့ သူငယ်ချင်းတွေအတွက် ကစားစရာနည်းတွေ ဖန်တီးပြီး ပျော်ပျော်ရွှင်ရွှင် ကစားကြတယ်လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့အကျင့်ကြောင့် V ဟာ ပထမဆုံးအတန်းတက်တဲ့နေကစပြီး ကျောင်းမှာ လူချစ်လူခင် ပေါများခဲ့တာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *