K pop

■ အဖွဲ့ခေါင်းဆောင်လို့ ခဏခဏ အထင်းမှာခံရတယ်ဆိုတဲ့ အမျိုးသား Idol များ

– – – သူတို့ရဲ့အပြုအမူတွေကြောင့် စစချင်းမှာ ခေါင်းဆောင်အဖြစ် အထင်မှားခံရလေ့ရှိသူတွေပါ။

K-pop လောကမှာ ခေါင်းဆောင်အခန်းကဏ္ဍက အလွန်အရေးပါပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်ရဲ့အရည်အချင်းက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ ဦးဆောင်နိုင်မှု တော်နေရုံမက အကပိုင်း၊ အဆိုပိုင်း အစရှိတဲ့ အဖက်ဖက်မှာလည်း ထူးချွန်နေကြရတာပါ။ အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်ဝနေလို့ အဖွဲ့ခေါင်းဆောင်လို့ ခဏခဏ အထင်မှားခံရတဲ့ Idol တွေလည်း ရှိပါတယ်။

NCT 127 – Taeyong

BIGBANG – Taeyang

BIGBANG အဖွဲ့ရဲ့ခေါင်းဆောင်ဟာ G-Dragon ဖြစ်ပေမယ့် Taeyang ကလည်း ခေါင်းဆောင်လို့ အထင်မှားခံခဲ့ရပါတယ်။ အထူးသဖြင့် BIGBANG အဖွဲ့ဆုရတဲ့အခါ Taeyang က ဆုပေးပွဲတွေမှာ အဖွင့်၊ အပိတ် အင်တာဗျူးတွေ ပြောကြားလို့ ဒီလိုအထင်မှားခံခဲ့ရတာပါ။

NCT Dream – Mark

WINNER – Mino

Mino ဟာ Visual ဖြစ်မှု၊ သူရဲ့ အရည်အချင်းကောင်းတွေကြောင့် WINNER အဖွဲ့ခေါင်းဆောင်လို့ ခဏခဏ အထင်မှားခံခဲ့ရပါတယ်။

EXO – Xiumin

EXO ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Xiumin ဟာ Suho နဲ့အတူ ခေါင်းဆောင်တာဝန်ကို ခွဲဝေယူရပါတယ်။ ဒါကြောင့် Xiumin ဟာ EXO ရဲ့ခေါင်းဆောင်ရယ်လို့လည်း ခဏခဏ အထင်မှားခံခဲ့ရတယ်လို့ ဆိုကြပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page