—- BTS လက်နဲ့ထိလိုက်ရင် ရွှေဖြစ်သွားတာမို့…’BTS McDonald Meal’ ဟာလည်း ကိုရီးယားမှာ …
စားသောက်ကုန်ကုမ္ပဏီဖြစ်တဲ့ McDonald ဟာ မေလ 27 ရက်နေ့က တောင်ကိုရီးယားမှာ ‘BTS Meal’ ဆိုပြီး သရေစာတစ်ခုကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ စတင်ထုတ်လုပ်ပြီးနောက် အခုအချိန်အထိ ‘BTS McDonald Meal’ ဟာ ဘယ်လောက်ထိ ရောင်းချနိုင်ခဲ့ပြီလို့ ထင်ပါသလဲ…
မေလ 27 ရက်နေ့ကနေ ဇွန်လ 21 ရက်နေ့အထိ တောင်ကိုရီးယားမှာ ‘BTS McDonald Meal’ ဟာ 1.2 သန်း ကျော် အော်ဒါရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ‘BTS McDonald Meal’ သရေစာအော်ဒါမှာ Chicken McNuggets 10 ခု၊ အားလူးချောင်းကြော်၊ အအေးရယ်၊ ဆော့တွေရယ် ပါဝင်တာဖြစ်ပါတယ်။
McDonald အစားအသောက်ဖြန့်ဝေတဲ့ ကိုယ်စားလှယ်က “ ‘BTS Meal’ ကို စတင်ထုတ်ရောင်းချပြီးကတည်း က ကျားမမရွေး သက်လတ်အရွယ်စုံ Customer တွေဟာ အော်ဒါတွေ မှာစားခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ရက် ပိုင်းအတွင်း ရောင်းအားစံချိန်တွေ တင်ခဲ့ပါတယ်” လို့ မီဒီယာတွေထံ ပြောကြားခဲ့ပါတယ်။
‘BTS Meal’ ဟာ တောင်ကိုရီးယားတင်မက ဖိလစ်ပိုင်နိုင်ငံမှာလည်း ရောင်းအားတွေစံချိန်တင်နေတယ်လို့ ဖိလစ်ပိုင်သတင်းစာ ABS-CBN က ထုတ်ပြန်ခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း အော်ဒါ 1 သန်းကျော် ရောင်း ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
-m2t
Ref: Allkpop