K pop

■ Chanyeol ဟာ EXO-L တွေအတွက် စိတ်ဓါတ်ခွန်အားပါ

— K-pop Idol ဆိုတာ ပရိသတ်တွေအတွက် ဖျော်ဖြေမှုသက်သက်ပဲပေးတဲ့ Cele တွေမဟုတ်ပါဘူး။ ပရိသတ်တွေကို အခက်အခဲတွေ ကျော်လွှားနိုင်ဖို့၊ အောင်မြင်မှုတွေရရှိနိုင်ဖို့ပါ ထောက်ပံ့ပေးနိုင်တဲ့ Idol တွေဖြစ်ပါတယ်။

EXO-L တစ်ယောက်ဟာ EXO အဖွဲ့ဝင် Chanyeol ရဲ့ စိတ်ဓါတ်လှုံဆော်ပေးမှု ကြောင့် အောင်မြင်မှုရရှိခဲ့တဲ့အကြောင်းကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အဆိုပါ EXO-L ဟာ သူမရဲ့ စားမေးပွဲအဖြေရလဒ် SAT Report Card ကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ SAT Report Card ထဲမှာ သူမဟာ ဘာသာတိုင်း အမှတ်ပြည့်ရလုနီးပါးဖြစ်ခဲ့ပြီး အတန်း ထဲမှာ အဆင့်(၁)ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။

သူမက “ Chanyeol . . . ဒီလို အမှတ်ပြည့်တွေကို ရရှိဖို့ ကျွန်မ အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ ကျွန်မကို စိတ်ဓါတ်လှုံဆော်မှု ခွန်အားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ စာမေးပွဲအတွက် ကျွန်မ အ ကောင်းဆုံးပြင်ဆင်ပြီး ကြိုးစားခဲ့လို့ အခုလိုရလဒ်ထွက်လာခဲ့တာပါ။ ကျေးဇူးတင်ပါတယ်… I Love You . . . ကျွန်မအနေနဲ့ တစ်စုံတစ်ယောက်ကလည်း အမှတ်ပြည့်ရတဲ့သူ ထွက်ပေါ်လာဦးမယ်လို့ မျှော်လင့်ပါတယ်။ ဂျူနီယာလေးတွေ မေးမြန်းစရာရှိရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။

တကယ်တော့ Chanyeol ဟာ EXO-L တွေကို SAT Report Card မှာ ဘာသာတိုင်း အမှတ်ပြည့်ရတဲ့ ဘယ်သူကိုမဆို သူနဲ့အတူ ထမင်းစားခွင့်ပေးမယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။ ဒီ Chanyeol ရဲ့ ကတိကို စိတ်ဓါတ်ခွန်အားအနေနဲ့ EXO-L လေးက အသုံးချခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page