ဒီ K-pop Idol တွေဟာ ဘာသာစကားနဲ့ပတ်သက်ပြီး မာစတာတွေဖြစ်ပါတယ်။ ဘာသာစကား အမြောက်အများကို ပြောနိုင်ဆိုနိုင်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်။ ဘာသာစကားအသစ်တစ်ခုကို လေ့လာတော့မယ်ဆိုရင် သဒ္ဒါ၊ ဝေါဟာရ၊ အသံထွက်၊ ဗျည်း၊ သရ စတာတွေကို လေ့လာရမှာဖြစ်ပြီး တစ်ခုပြီးတစ်ခုတက်မြောက်ဖို့ဆိုတာ မလွယ်တဲ့ အရာဖြစ်ပါတယ်။
မော်ဒန်ခေတ်မှာ ဘာသာစကားတစ်ခုကိုလေ့လာရတာ mobile apps တွေ၊ Online Class တွေ မြောက်များစွာရှိတာကြောင့် လေ့လာရတာလွယ်ကူပေမယ့် အလုပ်တွေအရမ်းရှုပ်တဲ့ Idol တွေအဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ဒီ Idol တွေကတော့ ဘာသာစကား မာစတာတွေဖြစ်ပါတယ်။
BLACKPINK’s Lisa
Lisa ဟာ မိခင်ဘာသာစကား ထိုင်းအပြင် အင်္ဂလိပ်၊ ကိုရီးယား နဲ့ ဂျပန်ဘာသာစကားတို့ကို ပြောနိုင် သလို တရုတ်ဘာသာစကားကိုလည်း သင်ယူတက်မြောက်နေပြီဖြစ်ပါတယ်။
2PM’s Taecyeon – Korean, English, and Japanese
Taecyeon ကလည်း မိခင်ဘာသာစကား ကိုရီးယား အပြင် အင်္ဂလိပ်နဲ့ ဂျပန် ဘာသာစကားတို့ကို လည်း ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်သူဖြစ်ပါတယ်။
CLC’s Elkie
Elkie ဟာ ဟောင်ကောင်မှာမွေးဖွားခဲ့တာကြောင့် Cantonese(တရုတ်စကားတစ်မျိုး) Mandarin (တရုတ်စကားတစ်မျိုး ) နဲ့ ကိုရီးယား၊ အင်္ဂလိပ်တို့ကိုလည်း ပြောနိုင်သူဖြစ်ပါတယ်။
SHINee’s Key
Key ဟာလည်း ဘာသာစကား (၄)မျိုးတက်မြောက်ပြီး ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန် နဲ့ Mandarin (တရုတ်စကားတစ်မျိုး )တို့ဖြစ်ပါတယ်။
Dara
Dara ဟာ ဖိလစ်ပိုင်နိုင်ငံသူဖြစ်တာကြောင့် Tagalog ဆိုတဲ့ ဖိလစ်ပိုင်ဘာသာစကားကိုလည်း တက်မြောက်သလို ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်၊ Mandarin (တရုတ်စကားတစ်မျိုး) ကိုလည်း ပြောနိုင် သူဖြစ်ပါတယ်။
GOT7’s Jackson
ဟောင်ကောင် ၊ Kowloon Tong မှာမွေးဖွားခဲ့တဲ့ Jackson ဟာ CLC အဖွဲ့ဝင် Elkieလိုပဲ Cantonese (တရုတ်စကားတစ်မျိုး) Mandarin (တရုတ်စကားတစ်မျိုး ) နဲ့ ကိုရီးယား၊ အင်္ဂလိပ်တို့ကို လည်း ပြောနိုင်သူဖြစ်ပါတယ်။
-m2t
Ref: Kstarlive