K pop

■ လတ်တလော ထုတ်လွှင့်နေဆဲ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားတဲ့ K-pop Idol (၈) ဦး

– – -လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားတဲ့ K-pop Idol တွေဖြစ်ပြီး….

Doom at Your Service

ဒီဇာတ်လမ်းတွဲမှာတော့ SF9 အဖွဲ့ဝင် Dawon က ပါဝင်ထားပါတယ်။ သူက အဓိကမင်းသမီး Park Bo Young ရဲ့ မောင်နေရာကနေ ပါဝင်ထားတာပါ။ သူရဲ့ချစ်စရာကောင်းတဲ့ ပုံစံတွေကြောင့် ပရိသတ်တွေကြား ထင်ပေါ်ခဲ့ပါတယ်။

Imitation

K-pop နယ်ပယ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပီပီ ဒီဇာတ်လမ်းတွဲထဲမှာတော့ K-pop Idol တော်တော်များများ ပါဝင်ထားပါတယ်။ U-KISS အဖွဲ့ဝင် Jun Young၊ ATEEZ အဖွဲ့ဝင်Yunho၊ SF9 အဖွဲ့ဝင်Chani တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

So Not Worth It

Netflix က ရိုက်ကူးထားတဲ့ So Not Worth It ဇာတ်လမ်းတွဲမှာတော့ GOT7 အဖွဲ့ဝင် Youngjae နဲ့ (G)I-DLE အဖွဲ့ဝင် Minnie တို့က ပါဝင်ထားတာ ဖြစ်ပါတယ်။

My Roommate Is A Gumiho

ဒီဇာတ်လမ်းတွထဲမှာတော့ Girl’s Day အဖွဲ့ဝင် Hyeri ကပါဝင်ထားတာပါ။

Love #Hashtag

ဒီဇာတ်လမ်းတွဲမှာတော့ VICTON အဖွဲ့ဝင် Seungwoo က ပါဝင်ထားတာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page